Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 19:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သူ့​သခင်​က “​ငါ​တို့​သည် အစ္စရေး​အမျိုးသား​မ​ဟုတ်​သော​တစ်ပါးအမျိုးသား​တို့​၏​မြို့​ထဲသို့​မ​ဝင်​ပါ​။ ဂိဗာ​မြို့​သို့ ဆက်သွား​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12-13 သို့​ရာ​တွင်​သူ​၏​သ​ခင်​က``ဣ​သ​ရေ​လ အ​မျိုး​သား​မ​ဟုတ်​သူ​တို့​၏​မြို့​တွင် ငါ​တို့ မ​ရပ်​မ​နား​လို။ ရှေ့​သို့​အ​နည်း​ငယ်​ဆက် ၍​သွား​ပြီး​လျှင် ဂိ​ဗာ​မြို့​၌​အိပ်​ကြ​ကုန် အံ့'' ဟု​ဆို​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ဣ သ ရေ လ အ မျိုး သား တို့ နှင့် မ ဆိုင် သော လူ မျိုး ခြား တို့ နေ ရာ ထို မြို့ အ တွင်း သို့ မ ဝင် ထိုက်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သ​ခင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​မ​ဟုတ်၊ တစ်​ပါး​အ​မျိုး​သား​နေ​သော မြို့​သို့​မ​ဝင်၊ ဂိ​ဗာ​မြို့​သို့​သွား​ဦး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 19:12
9 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် တောင်ကြားလမ်း​ကို​ဖြတ်​၍ ဂေဗ​မြို့​၌ စခန်းချ​ကြ​၏​။ ရာမ​မြို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ရှိ​၏​။ ရှောလု​မင်းကြီး​စံမြန်း​ရာ ဂိဗာ​မြို့​သည် ထွက်ပြေး​ပြီ​။


ဂိဗာ​မြို့​၌ သိုးချို​မှုတ်​ကြ​လော့​။ ရာမ​မြို့​၌ တံပိုးခရာ​မှုတ်​ကြ​လော့​။ ဗေသဝင်​မြို့​၌ တပ်လှန့်​အချက်ပေး​ကြ​လော့​။ ‘အို ဗင်္ယာမိန်​၊ အနောက်​သို့​လှည့်ကြည့်​လော့​။’


သူ​တို့​သည် ဂိဗာ​မြို့သား​တို့​လက်ထက်​က​ကဲ့သို့ အလွန်​အကျင့်ပျက်ပြား​ကြ​၏​။ ကိုယ်တော်​သည် သူ​တို့​၏​ဒုစရိုက်​များ​ကို မှတ်ထား​ပြီး သူ​တို့​၏​အပြစ်​များ​ကို ဒဏ်ခတ်​တော်မူ​မည်​။


ဂိဗောင်​မြို့​၊ ရာမ​မြို့​၊ ဗေရုတ်​မြို့​၊


ဇေလ​မြို့​၊ ဧလပ်​မြို့​၊ ဂျေရုဆလင် ခေါ် ယေဗုသိ​မြို့​၊ ဂိဗာ​မြို့​၊ ကိရယတ်​မြို့ စသည့်​မြို့​ပေါင်း တစ်ဆယ့်​လေး​မြို့​နှင့်​ရွာ​များ ပါ​၏​။ ဤသည်ကား ဗင်္ယာမိန်​အမျိုးသား​တို့ မျိုးနွယ်စု​အလိုက် ရရှိ​သော​အမွေမြေ​ဖြစ်​၏​။


သူ​တို့​သည် ယေဗုတ်​မြို့​အနီး​သို့​ရောက်​သောအခါ မိုးချုပ်​လုနီး​ပြီ​ဖြစ်၍ ငယ်သား​က “​လာ​ပါ​။ ယေဗုသိ​လူမျိုး​တို့​၏​မြို့​ထဲသို့​ဝင်​၍ ညအိပ်နား​ကြ​စို့​”​ဟု သူ့​သခင်​အား ဆို​၏​။


လာ​ပါ​။ ဂိဗာ​မြို့​သို့​ဖြစ်စေ​၊ ရာမ​မြို့​သို့​ဖြစ်စေ တစ်​မြို့​မြို့​သို့ အရောက်​သွား​၍ ညအိပ်နား​မည်​”​ဟု ပြန်ပြော​၏​။


ရှောလု​သည်​လည်း မိမိ​အိမ်​ရှိ​ရာ ဂိဗာ​မြို့​သို့​ပြန်သွား​ရာ ဘုရားသခင်​သည် ရဲစွမ်းသတ္တိ​ရှိ​သူ​တို့​၏​စိတ်နှလုံး​ကို တို့ထိ​တော်မူ​သဖြင့် သူ​တို့​သည် သူ့​နောက်သို့ လိုက်သွား​ကြ​၏​။


အစ္စရေး​လူမျိုး​ထဲမှ လူ​အယောက်​သုံး​ထောင်​ကို ရွေးချယ်​၏​။ လူ​နှစ်ထောင်​သည် ရှောလု​မင်းကြီး​နှင့်အတူ မိတ်မတ်​မြို့​နှင့် ဗေသလ​တောင်ပေါ်ဒေသ​တို့​တွင် နေ​ရ​ပြီး ကျန်​လူ​တစ်ထောင်​သည် ယောနသန်​နှင့်အတူ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​တွင် နေ​ရ​၏​။ ကျန်​လူ​တို့​ကို​မူကား မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်သွား​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ