၁ ရာ 13:5 - မြန်မာ့စံမီသမ္မာကျမ်း5 ဖိလိတ္တိလူမျိုးတို့သည်လည်း အစ္စရေးလူမျိုးတို့ကို ပြန်လည်တိုက်ခိုက်ရန် စုဝေးကြပြီးလျှင် စစ်ရထားသုံးသောင်း၊ မြင်းစီးသူရဲခြောက်ထောင်၊ ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားသောစစ်သည်တို့နှင့်တကွ ချီတက်လာ၍ ဗေသဝင်မြို့အရှေ့ဘက် မိတ်မတ်မြို့၌ စခန်းချကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ဖိလိတ္တိအမျိုးသားတို့သည်ဣသရေလ အမျိုးသားတို့အားတိုက်ခိုက်ရန်စုဝေး ကြ၏။ သူတို့မှာစစ်ရထားသုံးသောင်း၊ မြင်း စီးသူရဲခြောက်ထောင်နှင့်သမုဒ္ဒရာသဲလုံး ကဲ့သို့မရေမတွက်နိုင်အောင် များပြားသော စစ်သည်တပ်သားများရှိသတည်း။ သူတို့ သည်ချီတက်၍ဗေသဝင်မြို့အရှေ့ဘက် ရှိမိတ်မတ်မြို့တွင်စခန်းချကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible5 ဖိ လိ တ္တိ တပ် လည်း၊ ဣ သ ရေ လ တပ် နှင့် တိုက် ခိုက် ရန် စု ရုံး လျက် စစ် ရ ထား သုံး သောင်း၊ မြင်း စီး သူ ရဲ ခြောက် ထောင်၊ သ မု ဒ္ဒ ရာ ကမ်း ရှိ သဲ လုံး နှင့် အ မျှ များ သော ခြေ သည် သူ ရဲ တို့ ချီ တက်၍ ဗေ သ ဝင် မြို့ ရှေ့၊ မိတ် မတ် မြို့ တွင် စွဲ ရပ် ကုန်၏။ အခန်းကိုကြည့်ပါ။Judson Bible5 ဖိလိတ္တိလူတို့သည်လည်း၊ ဣသရေလ အမျိုးသားတို့ကိုစစ်တိုက်ခြင်းငှာ၊ ရထားသုံးသောင်းနှင့် မြင်းခြောက်ထောင်ကိုလည်းကောင်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှရှိသောလူများကိုလည်းကောင်း စုဝေးစေပြီးလျှင်၊ စစ်ချီဗေသဝင် မြို့အရှေ့၊ မိတ်မတ်မြို့၌ တပ်ချကြ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။