အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ တိ 4:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ကြောင့် ငါ​တို့​သည် ထို​အကျိုး​အတွက် အားထုတ်​လုပ်ဆောင်​၍ ကြိုးစား​ကြ​၏။ အကြောင်းမူကား လူ​အပေါင်း​တို့​၏​ကယ်တင်ရှင်​၊ အထူးသဖြင့် ယုံကြည်​သူ​တို့​၏​ကယ်တင်ရှင်​ဖြစ်​သော အသက်ရှင်​တော်မူ​သည့်​ဘုရားသခင်​ကို ငါ​တို့​မျှော်လင့်​အားထား​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​သည်​ကြိုး​စား​အား​ထုတ်​လုပ်​ဆောင်​လျက် နေ​ကြ​ခြင်း​မှာ လူ​အ​ပေါင်း​တို့​၏​ကယ်​တင်​ရှင် အ​ထူး​သ​ဖြင့်​ယုံ​ကြည်​သူ​တို့​၏​ကယ်​တင်​ရှင် ဖြစ်​တော်​မူ​၍ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​ကိုး​စား​ကြ​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယုံ ကြည် သူ တို့ မှ စ၍ သူ ခပ် သိမ်း တို့၏ ကယ် တင် ရှင်၊ အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ကို ငါ တို့ သည် အား ကိုး မျှော် လင့် ကြ သော ကြောင့် ထို အ ကျိုး ကို ခံ စား ခြင်း ငှါ ကြိုး စား အား ထုတ် လျက် နေ ကြ၏။ ထို အ တိုင်း မိန့် မှာ သင် ကြား လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကြောင့်၊ အ​သက်​ရှင်​တော်​မူ​ထ​သော၊ လူ​အ​ပေါင်း​တို့​ကိုကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အ​ထူး​သ​ဖြင့် ကယ်​မ​တော်​မူ​သော ဘု​ရား​သ​ခင်၌ ငါ​တို့​သည်​ကိုး​စား​သည်​နှင့်​အ​ညီ၊ ပင်​ပန်း​စွာ အ​မှု​ဆောင်​ရွက်​ကြ၏။ ကဲ့​ရဲ့​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ဖြစ်၍ လူအပေါင်းတို့​၏ ကယ်တင်ရှင်၊ အထူး​သဖြင့် ယုံကြည်သူတို့​၏ ကယ်တင်ရှင် ဖြစ်တော်မူပြီး အသက်ရှင်​တော်မူသော​ဘုရားသခင်​ကို ကိုးစား​မျှော်လင့်သည်​ဖြစ်​၍ ကျွန်ုပ်တို့​သည် အားထုတ်​လုပ်ဆောင်​၍ ကြိုးစားကြ၏။

အခန်းကိုကြည့်ပါ။



၁ တိ 4:10
40 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​ရွေးနုတ်​တော်မူ​သော​သူ​တို့​သည် ထိုသို့​ဆို​ကြ​ပါစေ​။ ကိုယ်တော်​သည် သူ​တို့​ကို ရန်သူ​၏​လက်​မှ​ရွေးနုတ်​၍


ထာဝရဘုရား​ကို​ခိုလှုံ​ခြင်း​သည် လူ​ကို​ကိုးစား​ခြင်း​ထက် ပို၍​ကောင်း​၏​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။


ထာဝရဘုရား​သည် သူ​တို့​ကို​ကူညီမစ​၍ ကယ်တင်​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၌​ခိုလှုံ​ကြ​သောကြောင့် ကိုယ်တော်​သည် သူ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​၏​လက်​မှ လွတ်မြောက်​စေ​တော်မူ​၏​။ ကယ်တင်​တော်မူ​၏​။


သို့သော် ငါ​သည် ဘုရားသခင်​၏​အိမ်​တော်​၌ စိမ်းလန်း​သော​သံလွင်ပင်​ကဲ့သို့​ဖြစ်​၏​။ ငါ​သည် ဘုရားသခင်​၏​မေတ္တာကရုဏာ​တော်​ကို ကာလ​အစဉ်အဆက်​ယုံကြည်ကိုးစား​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော်​ကို ယုံကြည်ကိုးစား​သော​သူ​သည် မင်္ဂလာ​ရှိ​ပါ​၏​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


သင်​တို့​တွင် မည်သူ​သည် ထာဝရဘုရား​ကို​ကြောက်ရွံ့​သနည်း​။ မည်သူ​သည် ကိုယ်တော့်​အစေအပါး​၏​စကား​ကို နားထောင်​သနည်း​။ မည်သူ​သည် အလင်း​မ​ရှိ​ဘဲ အမှောင်ထု​ထဲ၌ သွားလာ​သနည်း​။ သူ​သည် ထာဝရဘုရား​၏​နာမ​တော်​၌ ယုံကြည်ကိုးစား​ပါစေ​။ ဘုရားသခင်​၌ ကိုးစား​ပါစေ​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​၊ ထာဝရဘုရား​ကို မိမိ​ကိုးစား​ရာ​ဖြစ်​စေ​သော​သူ​သည် ကောင်းချီးမင်္ဂလာ​ခံစား​ရ​သော​သူ​ဖြစ်​၏​။


နေဗုခဒ်နေဇာ​မင်းကြီး​က​လည်း “​ရှာဒရက်​၊ မေရှက်​၊ အဗေဒနေဂေါ​တို့​၏​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​ပါစေသော​။ သူ​တို့​သည် မိမိ​တို့​ဘုရား​မှတစ်ပါး အခြား​ဘုရား​ကို မ​ကိုးကွယ်​မ​ရှိခိုး​။ ဘုရင့်​အမိန့်​အား ဆန့်ကျင်​၍ မိမိ​တို့​အသက်​ကို​ပင် စတေး​ခဲ့​ကြ​ပြီ​။ ကိုယ်တော်​သည်​လည်း သူ့​ကို​ယုံကြည်ကိုးစား​သော သူ့​အစေအပါး​တို့​အား ကောင်းကင်တမန်​ကို စေလွှတ်​၍​ကယ်​တော်မူ​ပြီ​။


ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၏​။ ဆင်းရဲဒုက္ခ​ရောက်​ချိန်​၌ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​၌ ခိုလှုံ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။


ရှိမုန်​ပေတရု​က “ကိုယ်တော်​သည် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​သား​တော်​တည်းဟူသော ခရစ်တော်​ဖြစ်​ပါ​သည်”​ဟု ပြန်​လျှောက်​လေ​၏။


သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။


နောက်တစ်နေ့​၌ ယောဟန်​သည် မိမိ​ထံသို့ ယေရှု​ကြွလာ​တော်မူ​သည်​ကို​မြင်​လျှင် “ကြည့်​လော့။ ဤ​လောက​၏​အပြစ်​ကို​ယူဆောင်​သွား​သော ဘုရားသခင်​၏​သိုးသငယ်​တော်​ပေ​တည်း။


သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ငါ့​စကား​ကို​နားထောင်​၍ ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​သော​သူ​သည် ထာဝရ​အသက်​ကို​ရရှိ​သည်​ဖြစ်၍ အပြစ်​စီရင်​ခြင်း​ကို​မ​ခံရ​ဘဲ သေ​ခြင်း​မှ အသက်ရှင်​ခြင်း​သို့ ကူးပြောင်း​ပြီ​ဖြစ်​၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


ဘုရားသခင်​သည် ဤမျှလောက်​ကြီးမား​သော​သေဘေး​မှ ငါ​တို့​ကို​ကယ်နုတ်​တော်မူ​ပြီ။ နောင်တွင်​လည်း ကယ်နုတ်​တော်မူ​လိမ့်မည်။ ဆက်၍​လည်း ကယ်နုတ်​တော်မူ​ဦး​မည်​ဟု ကိုယ်တော်​၌ ငါ​တို့​မျှော်လင့်​ကြ​၏။


ထိုသို့​ပြု​ခြင်း​သည် ကောင်းမြတ်​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​ရှေ့​တော်​၌ နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​၏။


လူသား​အားလုံး​ကယ်တင်​ခြင်း​ခံရ​လျက် သမ္မာတရား​ကို​သိရှိ​ခြင်း​သို့​ရောက်​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။


ထို​အရှင်​သည် လူ​အပေါင်း​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိကိုယ်ကို​ပေးအပ်​တော်မူ​၏။ ဤသည်ကား အချိန်​တန်​သောအခါ ပေး​တော်မူ​သော​သက်သေခံ​ချက်​ဖြစ်​၏။


ငါ​နှောင့်နှေး​ခဲ့​လျှင်​ပင် သမ္မာတရား​၏​မဏ္ဍိုင်​နှင့်​အုတ်မြစ်​ဖြစ်​သည့် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​အသင်းတော်​တည်းဟူသော ဘုရားသခင်​၏​အိမ်​တော်​တွင် မည်ကဲ့သို့​အသက်ရှင်​နေထိုင်​ရ​မည်​ကို သင်​သိ​နိုင်​ရန်​အတွက်​ဖြစ်​၏။


ဤ​လောက​၌ ချမ်းသာ​သော​သူ​တို့​သည် စိတ်နေမြင့်​ခြင်း၊ မ​မြဲ​သော​စည်းစိမ်​များ​အပေါ်၌ မျှော်လင့်​အားထား​ခြင်း​မ​ရှိ​ဘဲ ပျော်ရွှင်​မှု​အတွက် အလုံးစုံ​တို့​ကို ငါ​တို့​အား ကြွယ်ဝ​စွာ​ပေး​သနား​တော်မူ​သော ဘုရားသခင်​အပေါ်၌ မျှော်လင့်​အားထား​ကြ​ရန်​လည်းကောင်း၊


သူ​သည် အကျိုးကျေးဇူး​ကို ရှေးရှု​မျှော်မှန်း​လျက်​နေ​သောကြောင့် ခရစ်တော်​အတွက်​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​သည်​ကို အီဂျစ်​ပြည်​၏​ဥစ္စာ​ဘဏ္ဍာ​များ​ထက် ပို၍​မြတ်​သော​စည်းစိမ်​ဖြစ်​သည်​ဟု မှတ်ယူ​လေ​၏။


သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်တော်​ခံ​ခဲ့​သော​ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ဆောင်ယူ​ပြီး စခန်း​အပြင်​သို့​ထွက်​၍ ကိုယ်တော်​ထံသို့ သွား​ကြ​ကုန်စို့။


ကိုယ်တော်​အား သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​၍ ဘုန်း​အသရေ​ပေး​တော်မူ​သော​ဘုရားသခင်​ကို ကိုယ်တော်​အားဖြင့် သင်​တို့​ယုံကြည်​ကြ​၏။ သို့ဖြစ်၍ သင်​တို့​၏​ယုံကြည်​ခြင်း​နှင့်​မျှော်လင့်​ခြင်း​တို့​သည် ဘုရားသခင်​ထဲ၌​တည်ရှိ​ကြ​၏။


ထို​အရှင်​သည် ငါ​တို့​အပြစ်​များ​အတွက် အသနားခံ​ခြင်း​ပူဇော်သက္ကာ​ဖြစ်​တော်မူ​၏။ ငါ​တို့​အပြစ်​များ​အတွက်​သာမက လောကီသား​အပေါင်း​တို့​၏​အပြစ်​များ​အတွက်​လည်း ဖြစ်​တော်မူ​၏။


ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။