ဆာလံ 37:40 - မြန်မာ့စံမီသမ္မာကျမ်း40 ထာဝရဘုရားသည် သူတို့ကိုကူညီမစ၍ ကယ်တင်တော်မူ၏။ သူတို့သည် ကိုယ်တော်၌ခိုလှုံကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ဆိုးယုတ်သောသူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကယ်တင်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible40 ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible40 ထာ ဝ ရ ဘု ရား သည်၊ သူ တို့ ကို မ စ ကယ် နုတ်၍၊ ကိုယ် တော်၌ ခို လှုံ ကြ သော ကြောင့်၊ လူ ဆိုး တို့ လက် မှ ကယ် နုတ် လွတ် မြောက် စေ တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible40 ထာဝရဘုရားသည် သူတို့ကိုမစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နုတ်ယူကယ်တင်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
နေဗုခဒ်နေဇာမင်းကြီးကလည်း “ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ သူတို့သည် မိမိတို့ဘုရားမှတစ်ပါး အခြားဘုရားကို မကိုးကွယ်မရှိခိုး။ ဘုရင့်အမိန့်အား ဆန့်ကျင်၍ မိမိတို့အသက်ကိုပင် စတေးခဲ့ကြပြီ။ ကိုယ်တော်သည်လည်း သူ့ကိုယုံကြည်ကိုးစားသော သူ့အစေအပါးတို့အား ကောင်းကင်တမန်ကို စေလွှတ်၍ကယ်တော်မူပြီ။