ဆာလံ 52:8 - မြန်မာ့စံမီသမ္မာကျမ်း8 သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ငါ မူ ကား၊ ဘု ရား သ ခင့် ဗိ မာန် တော်၌၊ စိမ်း လန်း သော သံ လွင် ပင် ကဲ့ သို့ ဖြစ်၍၊ ဘု ရား သ ခင့် က ရု ဏာ တော်၌၊ ကာ လ အ စဉ် ကိုး စား ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible8 ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။