ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့်
၁ တိ 2:8 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။ Common Language Bible ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။- Garrad Bible သို့ နှင့် အ ညီ အ ရပ် ရပ် နေ ယောက်ျား တို့ သည် အ မျက် ထွက် ခြင်း၊ ငြင်း ဆန် ခြင်း ကင်း၍ သန့် ရှင်း စွာ လက် အုပ် ချီ လျက် ပ ဌ နာ ပြု ကြ စေ ရန် ငါ အ လို ရှိ၏။ Judson Bible သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။ |
ထို့ကြောင့် ဘုရားသခင်က သူ့အား “သင်သည် အသက်တာရှည်ရန်မတောင်း၊ ဓနဥစ္စာကိုမတောင်း၊ ရန်သူ့အသက်ကိုမတောင်းဘဲ တရားမျှတစွာစီရင်နိုင်သောအသိဉာဏ်ကိုသာ တောင်းလေပြီ။ ဤသို့ သင်တောင်းဆိုသောကြောင့်
သို့သော်လည်း ငါသည် မတရားမှုကိုမပြု။ ငါ၏ဆုတောင်းခြင်းသည်လည်း သန့်ရှင်းပါ၏။
သန့်ရှင်းရာဌာနတော်ဘက်သို့ သင်တို့၏လက်ကိုမြှောက်၍ ထာဝရဘုရားကိုကောင်းချီးထောမနာပြုကြလော့။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
အကျွန်ုပ်သည် ကိုယ်တော့်ထံ အကူအညီ အော်ဟစ်တောင်းခံသောအခါ၌လည်းကောင်း၊ ကိုယ်တော်၏သန့်ရှင်းသောဗျာဒိတ်ဌာနဘက်သို့ အကျွန်ုပ်လက်ကိုမြှောက်သောအခါ၌လည်းကောင်း၊ အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူပါ။
ငါမူကား သူတို့ဖျားနာသောအခါ လျှော်တေအဝတ်ကိုဝတ်၍ အစာရှောင်လျက် မိမိကိုယ်မိမိချိုးနှိမ်၏။ ငါ၏ဆုတောင်းချက် ငါ့ရင်ခွင်သို့သာ ပြန်လှည့်လာသောအခါ
သို့ဖြစ်၍ အကျွန်ုပ်အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုကောင်းချီးထောမနာပြုပါမည်။ ကိုယ်တော်၏နာမတော်အားဖြင့် အကျွန်ုပ်၏လက်ကို မြှောက်ပါမည်။
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့သည် ယုံကြည်ခြင်းရှိလျက် သံသယကင်းမဲ့ကြလျှင် ဤသဖန်းပင်၌ ပြုခဲ့သည့်အမှုမျိုးကိုပြုနိုင်သည်သာမက ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျှင်ပင် ထိုအတိုင်းဖြစ်လိမ့်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။
ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။
ယေရှုက“အသင်မိန်းမ၊ ငါ့စကားကိုယုံလော့။ သင်တို့သည် ဤတောင်ပေါ်၌လည်းမဟုတ်၊ ဂျေရုဆလင်မြို့၌လည်းမဟုတ်သည့်အရပ်တွင် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ကာလရောက်လာလိမ့်မည်။
သူသည် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်ပြီး သူ၏အိမ်သူအိမ်သားအားလုံးနှင့်တကွ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍ ဂျူးလူမျိုးတို့အား များစွာပေးကမ်းစွန့်ကြဲကာ ဘုရားသခင်ထံ အမြဲဆုတောင်းလျက်နေ၏။
‘ကော်နေလိ၊ သင်၏ဆုတောင်းသံကို ဘုရားသခင်နားညောင်းတော်မူ၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ အောက်မေ့စရာဖြစ်လေပြီ။
ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
သို့သော် ထိုနေ့ရက်များစေ့သောအခါ ငါတို့သည် ခရီးဆက်ရန် ထွက်ခွာကြ၏။ သူတို့အားလုံးသည် ဇနီး၊ သားသမီးများနှင့်အတူ မြို့ပြင်အထိ ငါတို့ကိုလိုက်ပို့ကြ၏။ ငါတို့သည် ပင်လယ်ကမ်းခြေတွင် ဒူးထောက်လျက်ဆုတောင်းပြီးနောက်
ထို့နောက် သူသည် ဒူးထောက်လျက် “သခင်ဘုရား၊ ဤအပြစ်ကို သူတို့အပေါ်တင်တော်မမူပါနှင့်”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ပြီးလျှင် အိပ်ပျော်ခြင်းသို့ရောက်လေ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
ငါ့အနေဖြင့် လူအပေါင်းတို့အား ငါကဲ့သို့ဖြစ်စေလို၏။ သို့သော် လူတစ်ဦးစီ၌ ဘုရားသခင်ထံမှ မိမိရရှိသောဆုကျေးဇူး တစ်ယောက်တစ်မျိုးစီရှိ၏။
သို့သော် ငါတို့ကို ခရစ်တော်၌ အစဉ်အမြဲအောင်ပွဲခံစေ၍ ကိုယ်တော်ကိုသိသောဉာဏ်၏ရနံ့ကို နေရာတိုင်း၌ ငါတို့အားဖြင့်ပျံ့နှံ့စေတော်မူသောဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။
ညီအစ်ကိုတို့၊ ငါ၌ဖြစ်ပျက်သောအမှုအရာတို့သည် ကောင်းမြတ်သောသတင်းကို ပို၍ပြန့်ပွားစေခဲ့ကြောင်း သင်တို့အား သိစေလိုပါ၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏နှုတ်ကပတ်တရားသည် သင်တို့ထံမှ မာကေဒေါနိပြည်နှင့်အခါယပြည်သို့ ပဲ့တင်ထပ်သွားခဲ့သည်သာမက ဘုရားသခင်အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းအကြောင်းသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့လေပြီဖြစ်သောကြောင့် ငါတို့၌ပြောစရာတစ်စုံတစ်ခုမျှမရှိ။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။