၁ တိ 2:8 - Common Language Bible8 ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible8 သို့ နှင့် အ ညီ အ ရပ် ရပ် နေ ယောက်ျား တို့ သည် အ မျက် ထွက် ခြင်း၊ ငြင်း ဆန် ခြင်း ကင်း၍ သန့် ရှင်း စွာ လက် အုပ် ချီ လျက် ပ ဌ နာ ပြု ကြ စေ ရန် ငါ အ လို ရှိ၏။ အခန်းကိုကြည့်ပါ။Judson Bible8 သို့ဖြစ်၍၊ အရပ်ရပ်တို့၌ ယောက်ျားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်းမရှိဘဲ၊ သန့်ရှင်းသောလက်ကိုချီ၍ ဆုတောင်းစေခြင်းငှာ ငါအလိုရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။ အခန်းကိုကြည့်ပါ။ |
ကောရိန္သုမြို့ရှိဘုရားသခင်၏အသင်းတော် ဝင်အပေါင်းတို့ထံသို့လည်းကောင်း၊ အရပ် ခပ်သိမ်းမှငါတို့၏အရှင်နှင့်သူတို့၏အရှင် ဖြစ်တော်မူသောအရှင်ယေရှုခရစ်ကိုကိုးကွယ် သူအပေါင်းတို့နှင့်တကွ ခရစ်တော်ယေရှုနှင့် တစ်လုံးတစ်ဝတည်းရှိသောအားဖြင့် ဘုရား သခင်၏လူစုတော်အဖြစ်ရွေးချယ်ခြင်း ခံရကြသူအပေါင်းတို့ထံသို့လည်းကောင်း စာရေးလိုက်ပါသည်။
အဘယ်ကြောင့်ဆိုသော်သင်တို့၏ပြုမူကျင့် ကြံမှုကြောင့်သခင်ဘုရား၏တရားတော်သည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့တွင် ပျံ့နှံ့သွားသည်သာမက ဘုရားသခင်အား သင်တို့ယုံကြည်ခြင်းသတင်းသည်အရပ် တကာသို့ရောက်ရှိသွားပေသည်။ သို့ဖြစ်၍ ငါတို့ပြောဆိုရန်မလိုတော့ချေ။-
ထိုနည်းတူစွာခင်ပွန်းတို့၊ သင်တို့သည်မိမိတို့ ဇနီးများအားနွဲ့သူများဖြစ်သည်ကိုထောက်၍ သူတို့နှင့်ပေါင်းသင်းနေထိုင်ရကြမည်။ သူတို့ သည်သက်ဆိုင်ရာဆုကျေးဇူးကိုသင်တို့နှင့် အတူခံစားရကြမည့်သူများဖြစ်သဖြင့် သင်တို့သည်သူတို့ကိုလေးစားစွာဆက်ဆံ ရကြမည်။ သို့မှသာသင်တို့၏ပတ္ထနာများ ကိုအဆီးအတားရှိမည်မဟုတ်။