ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
၁ ကော 7:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိမိကိုယ်ကိုမချုပ်တည်းနိုင်လျှင် အိမ်ထောင်ပြုကြစေ။ အကြောင်းမူကား ကိလေသာစိတ်ပူလောင်ခြင်းရှိသည်ထက် အိမ်ထောင်ပြုသော် သာ၍ကောင်း၏။ Common Language Bible သို့သော်သင်တို့၏စိတ်ကိုမချုပ်တည်းနိုင်လျှင်မူ ကား အိမ်ထောင်ပြုကြလော့။ စိတ်ပူလောင်ခြင်းရှိ သည်ထက်အိမ်ထောင်ပြုခြင်းကပို၍ကောင်းလိမ့် မည်။ Garrad Bible သို့ ရာ တွင် အိမ် ထောင် ပြု ခြင်း သည် ပူ လောင် ခြင်း ထက် ကောင်း သည် ဖြစ်၍ မ ချုပ် တည်း နိုင် လျင် အိမ် ထောင် ပြု ကြ စေ။ Judson Bible သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်းနိုင်လျှင် ထိမ်းမြားစုံဖက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ် ပူပန်ခြင်းရှိသည်ထက် ထိမ်းမြားစုံဖက်ခြင်း ပြုသော် သာ၍ကောင်း၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သူတို့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်လျှင် အိမ်ထောင်ပြုသင့်၏။ တဏှာမီးတောက်လောင်နေခြင်းထက် အိမ်ထောင်ပြုလိုက်ခြင်းက ပို၍ ကောင်း၏။ |
ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။
သို့သော် တရားနှင့်မညီမေထုန်ပြုခြင်းအမှုများကြောင့် ယောက်ျားအသီးသီး၌ မိမိမယားရှိစေလော့။ မိန်းမအသီးသီး၌လည်း မိမိလင်ယောက်ျားရှိစေလော့။
သို့သော် အိမ်ထောင်ပြုလျှင်လည်း သင်သည်အပြစ်ပြုသည်မဟုတ်။ အပျိုကညာတစ်ဦးသည် အိမ်ထောင်ပြုလျှင်လည်း အပြစ်ပြုသည်မဟုတ်။ သို့သော် ထိုသူတို့သည် ကိုယ်ကာယ၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ ငါသည် သင်တို့ကို ထိုဒုက္ခမှ ကင်းဝေးစေလို၍သာဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။
မယားသည် မိမိလင်ယောက်ျားအသက်ရှင်နေသရွေ့ကာလပတ်လုံး အနှောင်အဖွဲ့ရှိ၏။ လင်ယောက်ျားသေဆုံးခဲ့လျှင်မူကား မိမိနှစ်သက်သောသူနှင့် သခင်ဘုရား၌သာ အိမ်ထောင်ပြုခွင့်ရှိ၏။
သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍
ငယ်ရွယ်သောမုဆိုးမတို့ကိုမူ စာရင်းမသွင်းနှင့်။ အကြောင်းမူကား သူတို့သည် ခရစ်တော်ကို ဥပေက္ခာပြုလျက် ကာမဂုဏ်လိုက်စားလိုသောအခါ အိမ်ထောင်ပြုလိုသောဆန္ဒရှိလာသဖြင့်
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။