Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 သို့သော် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အမှု​များ​ကြောင့် ယောက်ျား​အသီးသီး​၌ မိမိ​မယား​ရှိ​စေ​လော့။ မိန်းမ​အသီးသီး​၌​လည်း မိမိ​လင်​ယောက်ျား​ရှိ​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 သို့​သော်​ကာ​မ​ဂုဏ်​လိုက်​စား​မှု​များ​လွန်​စွာ များ​ပြား​လျက်​နေ​သ​ဖြင့် အ​မျိုး​သား​တိုင်း မှာ​ဇ​နီး​ရှိ​သင့်​၏။ အ​မျိုး​သမီး​တိုင်း​မှာ​လည်း ခင်​ပွန်း​ရှိ​သင့်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 သို့ ရာ တွင် မ တ ရား သော မေ ထုန် မှု ဖြစ် တတ် သည် ကို ထောက်၍ ယောက်ျား အ သီး အ သီး ၌ မ ယား၊ မိန်း မ အ သီး အ သီး၌ လင် ရှိ စေ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ကောင်း​သော်​လည်း၊ မ​တ​ရား​သော​မေ​ထုန်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ယောက်ျား​တိုင်း မိ​မိ​မ​ယား​ရှိ​စေ​လော့။ မိန်း​မ​တိုင်း မိ​မိ​လင်​ရှိ​စေ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 သို့သော် တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်းတို့​ကြောင့် အမျိုးသား​တိုင်း​၌ ဇနီး​ရှိ​သင့်ပြီး အမျိုးသမီး​တိုင်း​၌လည်း ခင်ပွန်း ရှိ​သင့်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:2
14 ပူးပေါင်းရင်းမြစ်များ  

မယား​ကို​ရ​သော​သူ​သည် ကောင်း​သော​အရာ​ကို​ရ​၍ ထာဝရဘုရား​ထံ​တော်​မှ ကျေးဇူး​တော်​ကို​ခံစား​ရ​၏​။


အိမ်ရာ​နှင့်​စည်းစိမ်ဥစ္စာ​သည် မိဘ​ဘိုးဘွား​တို့​ပေး​သော​အမွေ​ဖြစ်​၏​။ ပညာသတိ​ရှိ​သော​မယား​မူကား ထာဝရဘုရား​ပေးသနား​တော်မူ​ရာ​ဖြစ်​၏​။


သို့သော် သင်​တို့​က “အဘယ်ကြောင့်​နည်း”​ဟု မေး​လျှင် အကယ်စင်စစ် သင်​နှင့် သင်​ငယ်​စဉ်က ပေါင်းဖော်​ခဲ့​သော​သင့်​မယား​ကြား​တွင် ထာဝရဘုရား​သည် သက်သေ​ဖြစ်​တော်မူ​၏​။ သင်​သည် သင့်​ဘဝဖော်​၊ သင်​နှင့်​ကတိသစ္စာ​ပြု​ထား​သော​မယား​ကို သစ္စာဖောက်​သောကြောင့်​ဖြစ်​၏​။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အကြောင်း​မှလွဲ၍ မိမိ​မယား​ကို​ကွာရှင်း​သော​သူ​တိုင်း​သည် ထို​မယား​အား အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​စေ​၏။ ကွာရှင်း​ထား​သော​မိန်းမ​နှင့် ထိမ်းမြား​စုံဖက်​သော​သူ​သည်​လည်း အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို ကျူးလွန်​၏။


တရားနှင့်မညီ​မေထုန်ပြု​ခြင်း​ကို ရှောင်​ကြ​လော့။ လူ​ပြု​တတ်​သော အခြား​အပြစ်​အားလုံး​သည် ကိုယ်ခန္ဓာ​ပြင်ပ​၌​ဖြစ်​၏။ တရားနှင့်မညီ​မေထုန်ပြု​သော​သူ​မူကား မိမိ​ကိုယ်ခန္ဓာ​ကို​ပြစ်မှား​၏။


သင်​တို့​ရေး​လာ​သော​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ယောက်ျား​သည် မိန်းမ​နှင့်​အတွေ့အထိ​မ​ရှိ​လျှင် ကောင်း​၏။


ယောက်ျား​သည် မိမိ​မယား​အပေါ်​ပြု​အပ်​သော​ဝတ်​ကို ပြု​ရ​မည်။ မိန်းမ​သည်​လည်း မိမိ​လင်​ယောက်ျား​အပေါ် ထိုနည်းတူ​ပြု​ရ​မည်။


သို့သော် မိမိကိုယ်ကို​မ​ချုပ်တည်း​နိုင်​လျှင် အိမ်ထောင်ပြု​ကြ​စေ။ အကြောင်းမူကား ကိလေသာ​စိတ်​ပူလောင်​ခြင်း​ရှိ​သည်​ထက် အိမ်ထောင်ပြု​သော် သာ၍​ကောင်း​၏။


ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။


မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။


သင်​တို့​တစ်ဦးစီ​သည် သန့်ရှင်း​ခြင်း​နှင့်​ဂုဏ်သရေ​ရှိ​ခြင်း​တို့​၌ မိမိ​ကိုယ်ခန္ဓာ​အား မည်သို့​ထိန်းသိမ်း​ရ​မည်​ကို သိရှိ​၍


သူ​တို့​သည် အိမ်ထောင်ပြု​ခြင်း​ကို​တားမြစ်​ကြ​၍ ယုံကြည်​သူ​နှင့်​သမ္မာတရား​ကို​သိ​သော​သူ​တို့​သည် ကျေးဇူး​တော်​ချီးမွမ်း​လျက်​သုံးဆောင်​ရန်​အတွက် ဘုရားသခင်​ဖန်ဆင်း​ထား​သော​အစားအစာ​များ​ကို ရှောင်ကြဉ်​စေ​ကြ​လိမ့်မည်။


သူ​တို့​၏​ဖခင်​၊ သူ​တို့​၏​အစ်ကို​များ​၊ မောင်​များ လာ​ရန်တွေ့​လျှင် ငါ​တို့​က ‘​ငါ​တို့​ကို သနား​ပါ​။ စစ်​ဖြစ်​စဉ်က သူ​တို့​၏​မယား​တစ်ယောက်​မျှ မ​ချန်ထား​မိ​ခဲ့​။ ယခု​ကဲ့သို့ ပေးစား​ခြင်း​ဖြင့်​လည်း သင်​တို့​အပေါ် အပြစ်​သက်ရောက်​မည်​မ​ဟုတ်​ပါ​’​ဟု သူ​တို့​အား တောင်းပန်​မည်​”​ဟု မှာလိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ