Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 7:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​နှင့်​မုဆိုးမ​တို့​အား ငါ​ဆို​သည်​ကား သူ​တို့​သည် ငါ​ကဲ့သို့​ဆက်၍​နေ​နိုင်​လျှင် သူ​တို့​အတွက်​ကောင်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သို့​ဖြစ်​၍​အိမ်​ထောင်​မ​ရှိ​သူ​များ​နှင့်​မု​ဆိုး​မ များ​အား ငါ​ကဲ့​သို့​တစ်​ကိုယ်​တည်း​ဆက်​လက်​နေ ထိုင်​နိုင်​လျှင်​ပို​၍​ကောင်း​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 မ ယား မ ရှိ သူ တို့ နှင့် မု ဆိုး မ တို့ အား ငါ ဆို သည် မှာ ငါ ကဲ့ သို့ နေ ကြ လျင် ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​ကြောင့် မ​ယား​မ​ရှိ​သော​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို ငါ​ဆို​သည်​ကား၊ ထို​သူ​တို့​သည် ငါ​ကဲ့​သို့​နေ​လျှင် ကောင်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ထို့ကြောင့် အိမ်ထောင်​မရှိသောသူများ​နှင့် မုဆိုးမများ​ကို ကျွန်ုပ်​ပြောလိုသည်​မှာ ထို​သူတို့​သည် ကျွန်ုပ်​ကဲ့သို့ အိမ်ထောင်​မပြုဘဲ နေ​လျှင် ပို၍​ကောင်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 7:8
6 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ရေး​လာ​သော​အကြောင်းအရာ​များ​နှင့်​ပတ်သက်၍ ယောက်ျား​သည် မိန်းမ​နှင့်​အတွေ့အထိ​မ​ရှိ​လျှင် ကောင်း​၏။


ငါ​သည် သင်​တို့​ကို စိုးရိမ်​ခြင်း​နှင့်​ကင်းလွတ်​စေ​လို​၏။ အိမ်ထောင်​မ​ရှိ​သော​ယောက်ျား​သည် သခင်​ဘုရား​ကို​နှစ်သက်​စေရန် သခင်​ဘုရား​၏​အမှု​ကို​ဂရုစိုက်​တတ်​၏။


ငါ့​အနေဖြင့် လူ​အပေါင်း​တို့​အား ငါ​ကဲ့သို့​ဖြစ်​စေ​လို​၏။ သို့သော် လူ​တစ်ဦးစီ​၌ ဘုရားသခင်​ထံမှ မိမိ​ရရှိ​သော​ဆု​ကျေးဇူး တစ်ယောက်တစ်မျိုးစီ​ရှိ​၏။


ငါ​တို့​သည် ကေဖ​နှင့် သခင်​ဘုရား​၏​ညီ​တော်​များ​မှစ၍ အခြား​သော​တမန်တော်​များ​ကဲ့သို့ ယုံကြည်​သူ​ဖြစ်​သော​ဇနီးသည်​ကို ခရီး​သွား​ရာ​၌ ခေါ်ဆောင်​ခွင့်​မ​ရှိ​ကြ​သလော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ