၁ သက် 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင်တို့တစ်ဦးစီသည် သန့်ရှင်းခြင်းနှင့်ဂုဏ်သရေရှိခြင်းတို့၌ မိမိကိုယ်ခန္ဓာအား မည်သို့ထိန်းသိမ်းရမည်ကို သိရှိ၍ အခန်းကိုကြည့်ပါ။Common Language Bible4 အမျိုးသားတိုင်းပင်သန့်ရှင်းဖြူစင်တင့်တယ် လျောက်ပတ်စွာမိမိ၏ဇနီးနှင့်ပေါင်းသင်း နေထိုင်တတ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible4-5 ဘု ရား သ ခင် ကို မ သိ သော လူ မျိုး ခြား တို့ ကဲ့ သို့ ကာ မ ဂုဏ် မ လိုက် စား ဘဲ၊ အ သီး အ သီး ကိုယ့် ခ န္ဓာ ကို သန့် ရှင်း ရို သေ စွာ တည် တံ့ ရန် နား လည် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible4 ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သင်တို့ တစ်ဦးချင်းစီတိုင်းသည် သန့်ရှင်းမြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသောနည်းလမ်းဖြင့် မိမိတို့ကိုယ်ခန္ဓာကို ချုပ်တည်းတတ်ရမည်။ အခန်းကိုကြည့်ပါ။ |
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
ထိုနည်းတူ ခင်ပွန်းသည်တို့၊ ဇနီးသည်သည် မိန်းမသားဖြစ်ပြီး သင်တို့ထက် အားနည်းသောသူဖြစ်ကြောင်း သိရှိနားလည်၍ အသက်နှင့်ဆိုင်သောကျေးဇူးတော်ကို အတူတကွအမွေဆက်ခံသူအဖြစ် တန်ဖိုးထားလျက် အတူတကွပေါင်းသင်းနေထိုင်ကြလော့။ ဤသည်ကား သင်တို့၏ဆုတောင်းချက်များ တားဆီးခြင်းမခံရမည့်အကြောင်းတည်း။