မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။
၁ ကော 4:5 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။ Garrad Bible သို့ ဖြစ်၍ မှောင် မိုက်၌ ဝှက် ထား သော အ ရာ များ ကို ထုတ် ဖော် လျက် စိတ် အ ကြံ အ စည် များ ကို ထင် ရှား စေ တော် မူ သော အ ရှင် ဘု ရား ကြွ လာ တော် မူ သော အ ချိန်၊ ချိန်း ချက် သော အ ချိန် မ တိုင် မီ စီ ရင် ခြင်း မ ပြု ကြ လင့်။ ထို အ ခါ မှ လူ အ သီး အ သီး သည် ဘု ရား သ ခင့် ထံ ခံ ထိုက် သော အ ချီး အ မွမ်း တော် ကို ခံ ရ လိမ့် မည်။ Judson Bible ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေလတ္တံ့သော သခင်ဘုရား ကြွလာတော်မမူမီ တိုင်အောင် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးအသီးတို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သခင်ဘုရား ပြန်လည်ကြွလာတော်မမူမီ မည်သူ့ကိုမျှ ကြိုတင်၍ မစီရင်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် အမှောင်၌ ဝှက်ထားသောအရာများကို ကိုယ်တော်သည် အလင်းသို့ ယူလာ၍ ကျွန်ုပ်တို့၏ အတွင်းစိတ် အကြံအစည်များကို ဖော်ထုတ်မည်ဖြစ်သောကြောင့်ဖြစ်၏။ ထို့နောက်တွင်မူ ဘုရားသခင်သည် လူအသီးသီးတို့ကို ချီးမွမ်းတော်မူလိမ့်မည်။ |
မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။
လူသည် မိမိ၏ဉာဏ်စွမ်းနှင့်အညီ ချီးမွမ်းခြင်းခံရလိမ့်မည်။ ကောက်သောစိတ်သဘောရှိသူမူကား မထီမဲ့မြင်ပြုခြင်းခံရလိမ့်မည်။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။
ငါ့မျက်စိသည် သူတို့သွားသောလမ်းရှိသမျှတို့ကို မြင်၏။ သူတို့သည် ငါ့ရှေ့မှ မပုန်းရှောင်နိုင်။ သူတို့၏ဒုစရိုက်များကို ငါ့မျက်မှောက်မှ မဝှက်ထားနိုင်။
“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
မိမိသခင်ပြန်လာသောအခါ ထိုအတိုင်းဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။
ယေရှုကလည်း“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း။ သင်သည် ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ “ထိုတပည့်တော်သည် သေရမည်မဟုတ်”ဟူသောစကားသည် ညီအစ်ကိုတို့ကြားတွင် ပျံ့နှံ့သွား၏။ သို့သော် ယေရှုက “ထိုသူသည် သေရမည်မဟုတ်”ဟု မိန့်တော်မူသည်မဟုတ်ဘဲ“ငါကြွလာသည့်တိုင်အောင် သူ့ကိုအသက်ရှင်စေရန် ငါအလိုရှိလျှင်လည်း သင်နှင့်မည်သို့ဆိုင်သနည်း”ဟူ၍သာ မိန့်တော်မူ၏။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
သင်သည် မည်သူဖြစ်၍ သူတစ်ပါး၏အစေခံကို စီရင်သနည်း။ ထိုသူရပ်သည်ဖြစ်စေ၊ လဲသည်ဖြစ်စေ သူ့သခင်နှင့်ဆိုင်၏။ သို့ရာတွင် သူသည်ရပ်လိမ့်မည်။ အကြောင်းမူကား သခင်ဘုရားသည် သူ့ကိုရပ်စေနိုင်တော်မူ၏။
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
သို့သော် တစ်စုံတစ်ယောက်က လက်ခံနိုင်ဖွယ်မရှိဟုထင်မှတ်လျှင် ငါတို့၌ ထိုသို့သောထုံးစံမရှိ။ ဘုရားသခင်၏အသင်းတော်များ၌လည်းမရှိ။
ထို့ကြောင့် သင်တို့သည် ဤမုန့်ကိုစား၍ ဤခွက်ကိုသောက်သောအခါတိုင်း သခင်ဘုရား၏အသေခံတော်မူခြင်းကို ကိုယ်တော်ကြွလာတော်မူသည်အထိ ကြေညာကြ၏။
သို့သော် တစ်ဦးစီ၌ မိမိအလှည့်ရှိ၍ ခရစ်တော်သည် အသီးဦးဖြစ်တော်မူ၏။ ထို့နောက် ခရစ်တော်နှင့်ဆိုင်သောသူတို့သည် ကိုယ်တော်ကြွလာတော်မူသောအခါ ထမြောက်ကြလိမ့်မည်။
ထိုသူပြုလုပ်သောအရာသည် ထင်ရှားလာလိမ့်မည်။ အကြောင်းမူကား ထိုနေ့ရက်သည် ၎င်းကိုထင်ရှားစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်သည် မီးအားဖြင့်ပေါ်ထွန်းလာ၍ လူတစ်ဦးစီပြုလုပ်သောအရာသည် မည်ကဲ့သို့ပြုလုပ်ထားသည်ကို မီးသည်စစ်ဆေးလိမ့်မည်။
တစ်စုံတစ်ဦးတည်ဆောက်ပြုလုပ်သောအရာသည် တည်မြဲလျှင် ထိုသူသည် ဆုလာဘ်ကိုရရှိလိမ့်မည်။
စိုက်ပျိုးသောသူနှင့်ရေလောင်းသောသူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြပြီး အသီးသီးတို့သည် မိမိကြိုးပမ်းအားထုတ်သည့်အတိုင်း ဆုလာဘ်ကိုရရှိကြလိမ့်မည်။
အကြောင်းမူကား ယုံကြည်စိတ်ချရသူသည် မိမိကိုယ်ကို ထောက်ခံချီးကျူးသောသူမဟုတ်ဘဲ သခင်ဘုရားက ထောက်ခံချီးကျူးသောသူဖြစ်ရမည်။
ငါတို့သည် ကွယ်ဝှက်ထားသည့် ရှက်ဖွယ်ရာများကိုစွန့်ပယ်၍ ပရိယာယ်၌ကျင်လည်ခြင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိမ့်တပတ်လုပ်ခြင်းတို့မရှိဘဲ သမ္မာတရားကို အတိအလင်းဖော်ပြခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူအပေါင်းတို့၏အသိစိတ်တွင် မိမိတို့ကိုယ်ကိုထင်ရှားစေကြ၏။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
အကြောင်းမူကား သူခိုးသည် ညအချိန်၌လာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် ရောက်လာမည်ဖြစ်ကြောင်း သင်တို့ကိုယ်တိုင် သေချာစွာသိကြ၏။
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
ညီအစ်ကိုတို့၊ အချင်းချင်းပုတ်ခတ်ပြောဆိုခြင်းမပြုကြနှင့်။ ညီအစ်ကိုကိုပုတ်ခတ်ပြောဆိုသောသူ၊ သို့မဟုတ် မိမိညီအစ်ကိုကိုစီရင်သောသူသည် ပညတ်တရားကိုပုတ်ခတ်ပြောဆို၍ ပညတ်တရားကိုစီရင်သူဖြစ်၏။ သင်သည် ထိုသို့ ပညတ်တရားကိုစီရင်လျှင် ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် စိတ်ရှည်သည်းခံကြလော့။ ခြံသမားသည် မြေမှအဖိုးတန်သည့်အသီးအနှံကို မိုးဦးနှင့်မိုးနှောင်းရွာသည်အထိ စိတ်ရှည်စွာစောင့်တတ်၏။
ညီအစ်ကိုတို့၊ စီရင်ခြင်းမခံရမည့်အကြောင်း တစ်ဦးအပေါ်တစ်ဦး ပြစ်တင်ညည်းညူခြင်းကိုမပြုကြနှင့်။ ကြည့်ကြလော့။ တရားစီရင်သောအရှင်သည် တံခါးရှေ့၌ရပ်နေတော်မူပြီ။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
သို့ပြုလျှင် သိုးထိန်းကြီးပေါ်ထွန်းတော်မူသောအခါ မှေးမှိန်ခြင်းမရှိသော ဘုန်းအသရေနှင့်ပြည့်စုံသည့်သရဖူကို သင်တို့ရရှိကြလိမ့်မည်။
ဘုရားသခင်၏နေ့ရက်ကိုစောင့်မျှော်၍ ထိုနေ့ရက်၏ရောက်ရှိလာခြင်းကို လျင်မြန်စေသင့်၏။ ထိုနေ့၌ ကောင်းကင်သည် လောင်မြိုက်ခြင်းခံရလျက် ပျက်သုဉ်းသွားလိမ့်မည်။ လောကဓာတ်တို့သည်လည်း ပြင်းထန်သောအပူရှိန်ဖြင့် အရည်ပျော်သွားကြလိမ့်မည်။
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။
အာဒံမှ ခုနစ်ဆက်မြောက်သောမျိုးဆက်ဖြစ်သည့် ဧနောက်သည်လည်း သူတို့နှင့်ပတ်သက်၍ ပရောဖက်ပြုဟောပြောလျက် “ကြည့်ရှုလော့။ ထာဝရဘုရားသည် အတိုင်းမသိများစွာသော မိမိ၏သန့်ရှင်းသူတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။