မာလခိ 3:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible18 တစ်ဖန်တုံငါ၏လူစုသည်သူတော်ကောင်း နှင့် သူယုတ်မာတို့တွေ့ကြုံခံစားရမှုမတူ ပုံကိုလည်းကောင်း၊ ငါ့အားဝတ်ပြုကိုးကွယ် သူနှင့်ဝတ်မပြုမကိုးကွယ်သူတို့ တွေ့ကြုံ ခံစားရမှုမတူပုံကိုလည်းကောင်းသိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible18 သူ တော် ကောင်း နှင့် မ သူ တော် ကိုလည်း ကောင်း၊ ဘု ရား သ ခင် အား ဝတ် ပြု သူ နှင့် မ ပြု သူ့ ကိုလည်း ကောင်း၊ သင် တို့ စိတ် ပြောင်း၍ ပိုင်း ခြား သိ မြင် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 တစ်ဖန် သင်တို့သည် ပြောင်းလဲ၍ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍ သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
ဧဒုံပြည်သားတို့ကလည်း “ငါတို့ ဖျက်ဆီးခံရလျှင် ငါတို့ပြန်လာ၍ အပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်မည်”ဟု ဆိုကြ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကလည်း “သူတို့ ပြန်လည်တည်ဆောက်လျှင် ငါဖြိုဖျက်မည်။ သူတို့ပြည်သည် ဆိုးယုတ်သောပြည်၊ သူတို့သည် ထာဝရဘုရား၏အမျက်တော်သင့်ခြင်းကို ခံရသောလူမျိုးဟု အစဉ်အခေါ်ခံရကြလိမ့်မည်။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။