ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ဧသတာ 8:2 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် ဟာမန်ထံမှ ပြန်သိမ်းယူထားသော တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ မော်ဒကဲအား ပေးလေ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ကို မော်ဒကဲအား ကြီးကြပ်ကွပ်ကဲစေ၏။ Common Language Bible မင်းကြီးသည်ဟာမန်၏ထံမှပြန်သိမ်းသည့် တံဆိပ်လက်စွပ်တော်ကိုချွတ်၍မော်ဒကဲ အားပေးတော်မူ၏။ ဧသတာသည်လည်း ဟာမန်၏အိမ်ရာပစ္စည်းများကိုမော်ဒကဲ အားအုပ်ထိန်းစေ၏။ Garrad Bible ဘု ရင် မင်း ထံ မော် ဒ ကဲ ဝင် ရ၍၊ ဘု ရင် မင်း သည်၊ ဟာ မန် မှ ပြန် သိမ်း သော တံ ဆိပ် လက် စွပ် တော် ကို မော် ဒ ကဲ သို့ ချွတ် အပ်၏။ ဧ သ တာ လည်း၊ ဟာ မန့် အိမ် ကို မော် ဒ ကဲ အုပ် ထိန်း စေ ၏။ Judson Bible ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှနုတ်သော လက်စွပ်တော်ကို တစ်ဖန်ချွတ်၍ မော်ဒကဲအား ပေးတော်မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ်လေ၏။ |
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ဘုရင်၏စွမ်းဆောင်ရည်နှင့် တန်ခိုးသြဇာကြီးမားပုံ၊ ရှင်ဘုရင်ချီးမြှောက်သဖြင့် မော်ဒကဲဘုန်းတန်ခိုးကြီးမားပုံတို့ကို မေဒိနှင့်ပါးရှားရှင်ဘုရင်တို့၏ရာဇဝင်မှတ်တမ်းစာလိပ်၌ မှတ်တမ်းတင်ထား၏။
ထိုအခါ ရှင်ဘုရင်သည် မိမိလက်မှတံဆိပ်တုံးလက်စွပ်တော်ကိုချွတ်၍ ဂျူးလူမျိုးတို့၏ရန်သူဖြစ်သော အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်အား ပေးလေ၏။
ထို့ပြင် ဧသတာသည် ရှင်ဘုရင်၏ခြေရင်းတွင် ပျပ်ဝပ်လျက် ဂျူးလူမျိုးတို့ကို သုတ်သင်ပယ်ရှင်းပစ်ရန် အာဂတ်လူမျိုး လူယုတ်မာဟာမန် ကြံစည်သောအကြံအစည်ကို ဖယ်ရှားပေးပါမည့်အကြောင်း ငိုကြွေးလျက် အသနားခံလျှောက်ထားလေ၏။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
ထို့နောက် ရှင်ဘုရင်သည် ဒံယေလအား ရာထူးတိုးမြှင့်ပေး၍ လက်ဆောင်များစွာကို ပေး၏။ သူ့အား ဘေဘီလုံပညာရှိတို့အထက်၌ ဝန်ကြီးချုပ်အဖြစ် ခန့်ထား၍ ဘေဘီလုံနယ်မြေတစ်ဝန်းလုံးကို အုပ်စိုးစေ၏။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။