ဧသတာ 8:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထိုနေ့တွင်ပင် အာရွှေရုမင်းကြီးသည် ဂျူးလူမျိုးတို့၏ရန်သူဟာမန်၏အိမ်ကို မိဖုရားဧသတာအား ပေးလေ၏။ ဧသတာက မော်ဒကဲသည် မိမိနှင့်မည်သို့တော်စပ်သည်ကို လျှောက်တင်ရာ ရှင်ဘုရင်က မော်ဒကဲအား ရှေ့တော်သို့ခစားခွင့်ပေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ထိုနေ့၌ပင်လျှင်ဇေရဇ်မင်းသည်ယုဒ အမျိုးသားတို့၏ရန်သူဟာမန်ပိုင်သည့် အိမ်ရာပစ္စည်းမှန်သမျှကို မိဖုရားဧသတာ အားပေးတော်မူ၏။ ဧသတာကမိမိသည် မော်ဒကဲနှင့်ဆွေမျိုးတော်စပ်ကြောင်းကို မင်းကြီးအားလျှောက်ထားသဖြင့် မော်ဒကဲ သည်ထိုနေ့မှအစပြု၍မင်းကြီး၏ရှေ့ တော်သို့ဝင်ခွင့်ရရှိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နေ့ ချင်း တွင် အာ ရွှေ ရု မင်း သည်၊ ယု ဒ လူ မျိုး၏ ရန် သူ ဟာ မန့် အိမ် ကို၊ မိ ဖု ရား ဧ သ တာ သို့ ပေး၏။ မော် ဒ ကဲ နှင့် မည် သို့ တော် စပ် သည် ကို ဧ သ တာ တင် လျှောက် သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုနေ့ချင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒအမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါက်ဖော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ ဝင်ရ၏။ အခန်းကိုကြည့်ပါ။ |
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။