ကမ္ဘာဦး 41:42 - မြန်မာ့စံမီသမ္မာကျမ်း42 ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး အခန်းကိုကြည့်ပါ။Common Language Bible42 ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible42 တံ ဆိပ် လက် စွပ် တော် ကို ချွတ် ၍ ယော သပ် လက်၌ ဆင် ယင် လျက် ပိတ် ချော ဝတ် လုံ ကို လည်း ဝတ် စေ၍၊ အခန်းကိုကြည့်ပါ။Judson Bible42 လက်စွပ်တော်ကိုချွတ်၍ ယောသပ်လက်၌စွပ်စေတော်မူ၏။ ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍၊ လည်ပင်း၌ ရွှေစလွယ်ကိုဆွဲပြီးလျှင်၊ အခန်းကိုကြည့်ပါ။ |
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။
ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။
ဘုရင့်နာမည်နှင့် ရေးသားထား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ထားသောစာကိုမူ အဘယ်သူမျှပြန်လည်ရုပ်သိမ်းခွင့်မရှိသည်ဖြစ်၍ သင်တို့ကောင်းမည်ထင်သည့်အတိုင်း ဂျူးလူမျိုးတို့နှင့်ပတ်သက်သောအမိန့်စာကို ဘုရင့်နာမည်နှင့် ရေးသား၍ ဘုရင့်တံဆိပ်တုံးလက်စွပ်နှင့် ခတ်နှိပ်ကြလော့”ဟု မိန့်ဆို၏။
သင်သည် အနက်အဓိပ္ပာယ်များကို ဖွင့်ပြပေးနိုင်ကြောင်း၊ ခက်ခဲသောပြဿနာများကို ဖြေရှင်းနိုင်ကြောင်းကို ငါကြားသိရ၏။ ယခု သင်သည် ထိုစာကိုဖတ်၍ ငါ့အား အနက်အဓိပ္ပာယ်ကို ဖော်ပြပေးနိုင်လျှင် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ရမည်”ဟု မိန့်ဆို၏။
ရှင်ဘုရင်သည် ဗေဒင်ဆရာများ၊ ခါလဒဲပညာရှိများ၊ နက္ခတ်ဗေဒဆရာများကို ခေါ်သွင်းရန် အော်ဟစ်ပြီးလျှင် ဘေဘီလုံပညာရှိတို့အား “ဤစာကိုဖတ်ပြီး အနက်အဓိပ္ပာယ်ကို ဖွင့်ပြပေးနိုင်သူ မည်သူမဆို ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်စေ၍ လည်တွင် ရွှေစလွယ်ဆင်ကာ တတိယအကြီးဆုံးပုဂ္ဂိုလ်အဖြစ် နိုင်ငံကို အုပ်ချုပ်ခွင့်ပေးမည်”ဟု မိန့်ဆိုလေ၏။