Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 10:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ဘုရင်​၏​စွမ်းဆောင်ရည်​နှင့် တန်ခိုးသြဇာ​ကြီးမားပုံ​၊ ရှင်ဘုရင်​ချီးမြှောက်​သဖြင့် မော်ဒကဲ​ဘုန်းတန်ခိုး​ကြီးမားပုံ​တို့​ကို မေဒိ​နှင့်​ပါးရှား​ရှင်ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​စာလိပ်​၌ မှတ်တမ်း​တင်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 မင်း​ကြီး​သည်​အ​ဘယ်​မျှ​တန်​ခိုး​ကြီး​တော် မူ​ကြောင်း​နှင့်​ကြီး​မြင့်​သော​ရာ​ထူး​ဖြင့် မော်​ဒ ကဲ​အား​အ​ဘယ်​သို့​ချီး​မြှင့်​တော်​မူ​ကြောင်း ကို​ပေ​ရ​သိ​နှင့်​မေ​ဒိ​ဘု​ရင်​တို့​၏​တ​ရား ဝင်​မှတ်​တမ်း​များ​တွင်​ရေး​သား​ထား​ပေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 အာ ဏာ တန် ခိုး ဆိုင် ရာ အ မှု အ ရေး များ နှင့်၊ ဘု ရင် မင်း သူ ကောင်း ပြု၍ မော် ဒ ကဲ ဘုန်း ကြီး ခြင်း အ ကြောင်း ပါ၊ မေ ဒိ၊ ပေ ရ သိ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အာ​ဏာ​တန်​ခိုး​တော်​နှင့် စီ​ရင်​သ​မျှ​သော အ​မှု​အ​ရာ​များ​နှင့်​တ​ကွ၊ ချီး​မြှောက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော မော်​ဒ​ကဲ၏ ဘုန်း​တန်​ခိုး၊ ထင်​ရှား​သော အ​ခြင်း​အ​ရာ​တို့​သည် မေ​ဒိ၊ ပေ​ရ​သိ​ရာ​ဇ​ဝင်​တို့၌ ရေး​ထား​လျက်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 10:2
10 ပူးပေါင်းရင်းမြစ်များ  

ကျန်ရှိ​နေ​သော ရှောလမုန်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သမျှ​သော​အရာ​နှင့် သူ​၏​ဉာဏ်ပညာ​ကြီး​ပုံ​တို့​ကို ရှောလမုန်​မင်းကြီး​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကျန်ရှိ​နေ​သော ယေရောဗောင်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ စစ်တိုက်​ခဲ့​ပုံ​များ​၊ အုပ်ချုပ်​ခဲ့​ပုံ​များ​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ကျန်ရှိ​နေ​သော အာဟပ်​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​ဟူသမျှ​၊ ဆင်စွယ်​နန်းတော်​တည်ဆောက်​ခဲ့​ပုံ​၊ မြို့​များ​တည်​ခဲ့​ပုံ​တို့​ကို အစ္စရေး​ဘုရင်​တို့​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။


ထို​အကြောင်း​ကို​စုံစမ်း​တွေ့ရှိ​သောအခါ ထို​သူ​နှစ်​ဦး​ကို သစ်တိုင်​၌​ချိတ်ဆွဲ​ထား​၏​။ ထို​အကြောင်း​ကို ရှင်ဘုရင်​ရှေ့မှောက်​၌ ရာဇဝင်ချုပ်​မှတ်တမ်း​စာလိပ်​ထဲတွင် မှတ်တမ်းတင်​ထား​လေ​၏​။


ထို​ည​တွင် ရှင်ဘုရင်​သည် အိပ်မပျော်​သဖြင့် ရာဇဝင်မှတ်တမ်း​စာလိပ်​ကို ယူလာ​ရန် အမိန့်ပေး​၏​။ သူ​တို့​သည်​လည်း​ယူလာ​၍ ဘုရင့်​ရှေ့မှောက်​၌ ဖတ်ပြ​ကြ​၏​။


မော်ဒကဲ​သည် အပြာရောင်​နှင့်​အဖြူရောင်​ချည်ချောထည် မင်းအဝတ်တန်ဆာ​ဝတ်ဆင်​၍ ရွှေသရဖူ​ကြီးကို​ဆောင်း​လျက်​၊ ခရမ်းရောင်​ပိတ်ချော​ဝတ်လုံ​ကို​ခြုံ​လျက် ဘုရင့်​ထံမှ​ထွက်လာ​သောအခါ ရှုရှန်​နန်းတော်​တစ်ခုလုံး ဝမ်းမြောက်​စွာ ကြွေးကြော်​ကြ​လေ​၏​။


ရှင်ဘုရင်​သည် ဟာမန်​ထံမှ ပြန်သိမ်းယူ​ထား​သော တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ မော်ဒကဲ​အား ပေး​လေ​၏​။ ဧသတာ​သည်​လည်း ဟာမန်​၏​အိမ်​ကို မော်ဒကဲ​အား ကြီးကြပ်​ကွပ်ကဲ​စေ​၏​။


အကြောင်းမူကား မော်ဒကဲ​သည် ဘုရင့်​နန်းတော်​တွင် တန်ခိုးဩဇာ​ကြီးမား​၍ သူ​၏​ဂုဏ်​သတင်း​သည်​လည်း နယ်မြေဒေသ​တစ်ဝန်းလုံး​သို့ ပျံ့နှံ့​သဖြင့် မော်ဒကဲ​၏​တန်ခိုးဩဇာ​သည်​လည်း ပို၍​ပို၍​ကြီးလာ​လေ​၏​။


ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အကျွန်ုပ်​ကို​ဖေးမ​၍ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။


ထို့နောက် ရှင်ဘုရင်​သည် ဒံယေလ​အား ရာထူး​တိုးမြှင့်​ပေး​၍ လက်ဆောင်​များစွာ​ကို ပေး​၏​။ သူ့​အား ဘေဘီလုံ​ပညာရှိ​တို့​အထက်​၌ ဝန်ကြီးချုပ်​အဖြစ် ခန့်ထား​၍ ဘေဘီလုံ​နယ်မြေ​တစ်ဝန်းလုံး​ကို အုပ်စိုး​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ