ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
ဧဖက် 2:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။ Common Language Bible ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။- Garrad Bible ယ မန် ကာ လ ခ ရစ် တော် နှင့် ကွာ လျက်၊ ဣ သ ရေ လ အ ဖြစ် အ နေ နှင့် စိမ်း ကား လျက်၊ ဤ လော က တွင် မျှော် လင့် ခြင်း ကင်း လျက်၊ ဘု ရား မဲ့ လျက်၊ က တိ ထား တော် မူ သော ပ ဋိ ညာဉ် နှင့် စပ် လျဉ်း၍ နိုင် ငံ ခြား သား များ ဖြစ် ခဲ့ ကြ သည် ကို သ တိ ရ ကြ လော့။ Judson Bible ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကိုလည်းကောင်း၊ အောက်မေ့ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ချိန်က သင်တို့သည် ခရစ်တော်နှင့် ကင်းကွာခဲ့ကြ၍ အစ္စရေးလူမျိုးတွင် ပါဝင်ခွင့် မရ၊ ကတိတော်နှင့်ဆိုင်သော ပဋိညာဉ်များနှင့် သက်ဆိုင်ခွင့် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဤလောကတွင် ဘုရားသခင်ကို မသိဘဲ နေခဲ့ကြသည်ကို သတိရကြလော့။ |
ထိုနေ့၌ ထာဝရဘုရားက အာဗြံအား “အီဂျစ်မြစ်မှစ၍ ယူဖရေးတီးမြစ်ကြီးတိုင်အောင် ဤပြည်ကို သင်၏သားစဉ်မြေးဆက်အား ငါပေး၏။
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
ထိုအခါ ဇေရုဗဗေလ၊ ယေရွှာနှင့် အစ္စရေးအိမ်ထောင်စုအကြီးအမှူးတို့က “ငါတို့ဘုရားသခင်၏အိမ်တော်ကို တည်ဆောက်ခြင်းအမှုသည် သင်တို့နှင့်မဆိုင်၊ ငါတို့နှင့်သာ ဆိုင်၏။ ပါးရှားဘုရင် ကုရုမင်းကြီး မိန့်မှာထားသည့်အတိုင်း အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ငါတို့သာလျှင် တည်ဆောက်ရမည်”ဟု ပြန်ပြော၏။
အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကိုသနားတော်မူမည်။ အစ္စရေးလူမျိုးကို နောက်တစ်ဖန်ရွေးချယ်တော်မူမည်။ သူတို့ပြည်၌ သူတို့ကိုနေရာချတော်မူမည်။ တိုင်းတစ်ပါးသားတို့သည် သူတို့နှင့်ပူးပေါင်းမည်။ ယာကုပ်အမျိုးနှင့် ပေါင်းဖော်ကြမည်။
အစ္စရေးလူမျိုး၏ရှင်ဘုရင်ထာဝရဘုရား၊ အစ္စရေးလူမျိုးကိုရွေးနုတ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် အဦးဆုံးသောသူဖြစ်၏။ နောက်ဆုံးသောသူလည်း ဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
သူစိမ်းတို့သည် သင်တို့ကို ခစား၍ သင်တို့သိုးစုများကို ထိန်းကျောင်းကြလိမ့်မည်။ တိုင်းတစ်ပါးသားတို့သည် သင်တို့၏လယ်လုပ်သားများ၊ စပျစ်ခြံလုပ်သားများဖြစ်ကြလိမ့်မည်။
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ငါသည် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကိုဖွဲ့၍ ထိုပဋိညာဉ်သည် ထာဝရပဋိညာဉ်ဖြစ်မည်။ သူတို့ကို နေရာချထားမည်။ သူတို့ကို တိုးပွားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်တွင် အစဉ်တည်စေမည်။
ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။
အစ္စရေးအမျိုးသားတို့သည် ရှင်ဘုရင်နှင့် အကြီးအကဲ မရှိ၊ ယဇ်ပူဇော်ခြင်း မရှိ၊ အထွတ်အမြတ်ကျောက်တိုင် မရှိ၊ ဧဖုဒ် မရှိ၊ တေရပ်ရုပ်တု မရှိ။ ထိုကဲ့သို့ နေ့ရက်များစွာ နေရလိမ့်မည်။
ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် သန့်ရှင်းသောအလှူပစ္စည်းရှိသမျှတို့ကို အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ် သင်နှင့် သင်၏သားသမီးတို့အား ငါပေး၏။ ထိုဝေစုသည် ထာဝရဘုရားရှေ့တော်၌ သင်နှင့် သင်၏သားစဉ်မြေးဆက်တို့အတွက် ထာဝရဆားပဋိညာဉ်ဖြစ်၏”ဟု မိန့်တော်မူ၏။
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆိုငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
ဤအကြောင်းကြောင့် အကျွန်ုပ်သည် သင်တို့နှင့်တွေ့ဆုံ၍ စကားပြောရန် သင်တို့ကိုဖိတ်ခေါ်ခြင်းဖြစ်သည်။ အမှန်စင်စစ် အကျွန်ုပ်သည် အစ္စရေးလူမျိုး၏မျှော်လင့်ခြင်းအကြောင်းကြောင့် ဤသံကြိုးဖြင့် ချည်နှောင်ထားခြင်းခံရသည်”ဟု ဆိုလေ၏။
သင်တို့သည် ပရောဖက်တို့၏သားမြေးများဖြစ်ကြသည်သာမက ဘုရားသခင်သည် အာဗြဟံအား ‘ကမ္ဘာပေါ်ရှိလူမျိုးစုအပေါင်းတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်’ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးများနှင့်ပြုခဲ့သော ပဋိညာဉ်၏သားမြေးများလည်းဖြစ်ကြ၏။
ဆိုလိုသည်ကား သွေးသားနှင့်ဆိုင်သောသားသမီးများသည် ဘုရားသခင်၏သားသမီးများမဟုတ်ဘဲ ကတိတော်နှင့်ဆိုင်သောသားသမီးများသာလျှင် အမျိုးအနွယ်အဖြစ်သတ်မှတ်ခြင်းခံရ၏။
သို့သော် ဘုရားသခင်ကိုမသိခဲ့စဉ်က သင်တို့သည် ပင်ကိုအားဖြင့် ဘုရားမဟုတ်သောအရာများထံ ကျွန်ခံခဲ့ကြ၏။
ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့်သူစိမ်းဧည့်သည်များမဟုတ်တော့ဘဲ သန့်ရှင်းသူတို့နှင့်တစ်မျိုးသားတည်းဖြစ်ကြပြီး ဘုရားသခင်၏အိမ်သူအိမ်သားများဖြစ်ကြ၏။
ထိုသူတို့သည် မိမိတို့စိတ်နှလုံးမာကျောမှုနှင့် သူတို့ထဲ၌ရှိသည့် မသိနားမလည်မှုတို့ကြောင့် အသိဉာဏ်အမှောင်ဖုံး၍ ဘုရားသခင်၏အသက်နှင့်ကင်းကွာလျက်ရှိကြ၏။
ယခင်က သင်တို့သည် ဆိုးညစ်သောအမှုများကိုပြုခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာလျက် စိတ်နှလုံး၌ရန်သူဖြစ်ကြ၏။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။
ထိုယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့သည် သင်တို့အတွက် ကောင်းကင်ဘုံ၌သိုမှီးထားသော မျှော်လင့်ခြင်းကြောင့်ဖြစ်ပေါ်လာ၍ ထိုမျှော်လင့်ခြင်းအကြောင်းကို သင်တို့ထံသို့ရောက်လာသည့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော သမ္မာတရား၏နှုတ်ကပတ်တော်၌ သင်တို့ကြားခဲ့ရကြပြီ။
ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။
ဘုရားသခင်ကိုမသိသောလူမျိုးခြားတို့ကဲ့သို့ ကိလေသာတပ်မက်ခြင်းထဲ၌ နစ်မွန်းခြင်းမရှိကြရန်နှင့်
ငါတို့၏သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ကောင်းမြတ်သောမျှော်လင့်ခြင်းတို့ကိုပေးတော်မူသော ငါတို့အဖဘုရားသခင်သည်
ငါတို့၏ကယ်တင်ရှင်ဘုရားသခင်နှင့် ငါတို့၏မျှော်လင့်ရာဖြစ်တော်မူသော ခရစ်တော်ယေရှု၏အမိန့်တော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည်
မီးအရှိန်ကိုငြိမ်းစေခြင်း၊ ဓားဘေးမှလွတ်မြောက်ခြင်း၊ အားနည်းရာမှ အားကြီးလာခြင်း၊ စစ်ပွဲ၌ ခွန်အားနှင့်ပြည့်စုံလာ၍ တိုင်းတစ်ပါးသားတို့၏စခန်းများကိုဖြိုခွင်းခြင်း စသည့်အမှုများကိုပြုခဲ့ကြ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
သို့သော် ယခုအခါ ကိုယ်တော်သည် သာ၍မြတ်သောကတိတော်များအပေါ်အခြေခံထားသည့် သာ၍မြတ်သောပဋိညာဉ်၏ကြားဝင်စေ့စပ်သူဖြစ်တော်မူသည်နှင့်အညီ သာ၍ထူးမြတ်သောအမှုတော်ကိုရရှိတော်မူ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ကိုယ်တော်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်နှင့်အညီ ယေရှုခရစ်တော်၏သေသောသူတို့ထဲမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါတို့ကို အသက်ရှင်သောမျှော်လင့်ခြင်းထဲသို့လည်းကောင်း၊
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
ကိုယ်တော်၌ ဤသို့မျှော်လင့်ထားသောသူတိုင်းသည် ကိုယ်တော်သန့်ရှင်းစင်ကြယ်တော်မူသည့်နည်းတူ မိမိကိုယ်ကိုသန့်ရှင်းစင်ကြယ်စေတတ်၏။