Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 4:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ကယ်တင်​ခြင်း​သည် ဂျူး​လူမျိုး​တို့​ထဲမှ​ဖြစ်​ပေါ်လာ​သည်​ဖြစ်၍ ငါ​တို့​သည် ကိုယ်​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အရာ​ကို ကိုးကွယ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ရှ​မာ​ရိ​လူ​မျိုး​ဖြစ်​သော​သင်​တို့​သည် မိ​မိ​တို့ မ​သိ​သည့်​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ငါ​တို့​မူ​ကား​ငါ​တို့​သိ​သည့်​ဘု​ရား​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကယ်​တင်​ခြင်း​ကျေး​ဇူး​တော်​သည် ယု​ဒ​အ​မျိုး သား​များ​ထံ​မှ​တစ်​ဆင့်​သက်​ရောက်​လာ​သော ကြောင့်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငါတို့မူကား၊ ယုဒလူမျိုးမှကယ်တင်ခြင်းဖြစ်လာသည့်အလျောက် ကိုယ်သိရာကိုကိုးကွယ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ကယ်တင်ခြင်း​သည် ဂျူး​လူမျိုးများ​မှတစ်ဆင့် ဖြစ်လာ​သဖြင့် ဂျူး​လူမျိုး​ဖြစ်သော ငါတို့​သည် မိမိ​သိသော​ဘုရား​ကို ကိုးကွယ်ကြ၏။ ရှမာရိ​လူမျိုး​ဖြစ်သော သင်တို့​မှာ မိမိ​မသိသော​ဘုရား​ကို ကိုးကွယ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

22 သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ယု​ဒ​လူ​တို့၌ ကယ်​တင်​ခြင်း​အ​ကြောင်း​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 4:22
20 ပူးပေါင်းရင်းမြစ်များ  

လူမျိုး​တို့​သည် ရှိလော​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။


ဇေရုဗဗေလ​နှင့် အိမ်ထောင်စု​အကြီးအမှူး​တို့​ထံ​လာ​၍ “​ငါ​တို့​သည်​လည်း သင်​တို့​ကဲ့သို့ပင် သင်​တို့​ဘုရား​ကို ကိုးကွယ်​သည်​ဖြစ်၍ သင်​တို့​နှင့်အတူ တည်ဆောက်​ပါရစေ​။ ငါ​တို့​ကို ဤ​နေရာ​သို့​ပို့ဆောင်​လာ​သော အဆီးရီးယား​ဘုရင် ဧသရဟဒ္ဒုန်​မင်းကြီး​လက်ထက်​ကစ၍ ငါ​တို့​သည် ထို​ဘုရား​ကို ယဇ်ပူဇော်​ကြ​ပါ​၏​”​ဟု ဆို​ကြ​၏​။


ကိုယ်တော်​သည် မိမိ​၏​နှုတ်ကပတ်တော်​ကို ယာကုပ်​အမျိုး​အား​လည်းကောင်း​၊ မိမိ​၏​ပြဋ္ဌာန်းချက်​များ​နှင့် စီရင်ထုံးဖွဲ့ချက်​များ​ကို အစ္စရေး​လူမျိုး​အား​လည်းကောင်း ဖွင့်ပြ​တော်မူ​၏​။


ငါ​တို့​၏​ဘုရားသခင်​သည် ကယ်တင်​တော်မူ​သော​ဘုရား​ဖြစ်​တော်မူ​၏​။ သေ​ခြင်း​မှ​လွတ်မြောက်​ခွင့်​သည်​လည်း ဘုရားရှင်​ထာဝရဘုရား​ထံ​တော်​မှ​လာ​၏​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


အို ဇိအုန်​မြို့သား​တို့​၊ ကြွေးကြော်​လော့​။ ရွှင်လန်း​စွာ​သီချင်းဆို​လော့​။ အကြောင်းမူကား သင်​တို့​တွင် အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် ကြီးမြတ်​တော်မူ​၏​”​ဟု ဆို​ကြ​လိမ့်မည်​။


လူ​များစွာ​တို့​သည်​လာ​ကြ​၍ “​လာ​ကြ​လော့​။ ထာဝရဘုရား​၏​တောင်​တော်​၊ ယာကုပ်​၏​ဘုရားသခင့်​အိမ်​တော်​သို့ တက်​ကြ​ကုန်​စို့​။ ကိုယ်တော်​သည် မိမိ​၏​နည်းလမ်း​တော်​တို့​ကို ငါ​တို့​အား​သွန်သင်​တော်မူ​၍ ငါ​တို့​သည် ကိုယ်တော်​၏​လမ်း​တော်​၌ လျှောက်လှမ်း​ကြ​မည်​”​ဟု ဆို​ကြ​လိမ့်မည်​။ ပညတ်တရား​သည် ဇိအုန်​တောင်​မှ ထွက်ပေါ်​လာ​လိမ့်မည်​။ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ဂျေရုဆလင်​မြို့​မှ ထွက်ပေါ်​လာ​လိမ့်မည်​။


ငါ​၏​ဖြောင့်မတ်​ခြင်း​ကို အနီး​သို့​ငါ​ဆောင်​ခဲ့​ပြီ​။ အဝေး​၌​ရှိ​သည်​မ​ဟုတ်​။ ငါ​၏​ကယ်တင်​ခြင်း​သည် နှောင့်နှေး​မည်​မ​ဟုတ်​။ ကယ်တင်​ခြင်း​ကို ဇိအုန်​တောင်​၌ ငါ​ထား​မည်​။ ငါ​၏​ဂုဏ်ကျက်သရေ​ကို အစ္စရေး​လူမျိုး​အား ငါ​ပေး​မည်​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ထို့နောက် သူ​၏​နာမ​တော်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​နှင့်ဆိုင်သော​နောင်တ​တရား​ကို ဂျေရုဆလင်​မြို့​မှ​အစပြု​၍ လူမျိုး​တကာ​တို့​အား ဟောပြော​ရ​မည်​ဟူ၍​ဖြစ်​၏။


သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။


ဘုရားသခင်​သည် လူ​တို့​မသိနားမလည်​သည့်​အချိန်​ကာလ​ကို အမှုမထား​ခဲ့​သော်လည်း ယခု​အခါ နေရာ​တိုင်း​ရှိ လူ​အပေါင်း​တို့​အား နောင်တရ​ကြ​ရန် အမိန့်​ပေး​တော်မူ​၏။


ဘုရားသခင်​သည် သင်​တို့​တစ်ဦးစီ​၏​ဆိုးညစ်​သော​အကျင့်​ကို​ဖယ်ရှား​၍ သင်​တို့​ကို​ကောင်းချီး​ပေး​တော်မူ​ရန် မိမိ​၏​အမှုဆောင်​ကို ပေါ်ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံသို့​ဦးစွာ​စေလွှတ်​တော်မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။


ထို​အကိုင်းအခက်​များ​အပေါ် ဝါကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါကြွား​လျှင်​လည်း သင်​သည် အမြစ်​ကို​ထောက်မ​သည်​မ​ဟုတ်။ အမြစ်​က​သာ သင့်​ကို​ထောက်မ​၏။


ငါ​တို့​၏​သခင်​သည် ယုဒ​အနွယ်​မှ​ပေါ်ထွန်း​တော်မူ​ကြောင်း သိသာ​ထင်ရှား​၏။ မောရှေ​သည် ထို​အနွယ်​နှင့်​ပတ်သက်၍ ယဇ်ပုရောဟိတ်​နှင့်​စပ်ဆိုင်​သည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြောဆို​ခဲ့​ပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ