Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 15:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​သည် စပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အကိုင်းအခက်​များ​ဖြစ်​ကြ​၏။ မည်သူမဆို​ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များစွာ​သော​အသီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်းကွာ​လျှင် သင်​တို့​သည် မည်သည့်​အရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ``ငါ​သည်​စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​ကား​အ​ကိုင်း အ​ခက်​များ​ဖြစ်​ကြ​၏။ ငါ​နှင့်​ကင်း​လျှင်​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​တတ်​နိုင်​ကြ​သော ကြောင့် မည်​သူ​မ​ဆို​ငါ​၌​တည်​နေ​၍​ငါ​သည် လည်း​သူ​၌​တည်​နေ​လျှင်​များ​စွာ​သော​အ​သီး ကို​သီး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါသည်စပျစ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ ငါနှင့်ကင်းက မည်သည်ကိုမျှသင်တို့မတတ်နိုင်။ မည်သူမဆိုငါ၌တည်၍ ငါလည်းထိုသူ၌တည်လျှင် များစွာသီးတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ငါ​သည် စပျစ်ပင်​ဖြစ်​၍ သင်တို့​သည် အကိုင်းအခက်များ​ဖြစ်ကြ၏။ မည်သူ​မဆို ငါ​၌ တည်​၍ ငါ​သည်လည်း ထို​သူ​၌ တည်​လျှင် ထို​သူ​သည် အသီး​များစွာ သီး​လိမ့်မည်။ ငါ​နှင့် ကင်းကွာ​လျှင် သင်တို့​သည် မည်သည့်​အရာ​ကိုမျှ မတတ်နိုင်ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

5 ငါ​သည် စ​ပျစ်​နွယ်​ပင်​ဖြစ်၏။ သင်​တို့​သည် အ​ခက်​များ​ဖြစ်​ကြ၏။ အ​ကြင်​သူ​သည် ငါ၌​တည်၍ ငါ​သည်​လည်း သူ၌​တည်၏၊ ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ ငါ​နှင့်​ကွာ​လျှင် သင်​တို့​သည် အ​ဘယ်​အ​မှု​ကို​မျှ မ​တတ်​နိုင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 15:5
28 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​၏​အသီးအပွင့်​သည် အသက်​ပင်​သဖွယ်​ဖြစ်​၏​။ စိတ်ဝိညာဉ်​များ​ကို​ဆွဲဆောင်​စည်းရုံး​နိုင်​သော​သူ​သည် ပညာရှိ​ဖြစ်​၏​။


ငါ့​လူမျိုး​တော်​၏​အပြစ်ဖြေရာယဇ်ကောင်​ကို စား​ရ​သောကြောင့် လူ​တို့​အပြစ်​ပြု​သည်​ကို သူ​တို့​နှစ်သက်​သဘောကျ​ကြ​၏​။


သို့သော် သူ​၌​အမြစ်​မ​စွဲ​သဖြင့် ခဏ​သာ​ခံ​၏။ တရား​စကား​ကြောင့် ဆင်းရဲ​ဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲ​ခြင်း​ရောက်လာ​သောအခါ ချက်ချင်း​စိတ်ပျက်​သွား​လေ​၏။


သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ ဂျုံ​စေ့​တစ်​စေ့​သည် မြေ​၌​ကျ​၍ မ​ပျက်စီး​လျှင် တစ်စေ့တည်း​ရှိ​နေ​၏။ ပျက်စီး​လျှင်​မူကား များစွာ​သော​အသီး​ကို ဖြစ်ထွန်း​စေ​တတ်​၏။


သင်​တို့​သည် ငါ့​ကို​ရွေးကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာလျှင် သင်​တို့​ကို​ရွေးကောက်​သဖြင့် သင်​တို့​သည်​သွား​လျက် အသီး​ကို​သီး​၍ သင်​တို့​၏​အသီး​တည်မြဲ​မည့်​အကြောင်း​နှင့် ငါ့​နာမ​၌ ခမည်းတော်​အား တောင်းလျှောက်​သမျှ​တို့​ကို သင်​တို့​အား ခမည်းတော်​ပေး​တော်မူ​မည့်​အကြောင်း သင်​တို့​ကို ငါ​ခန့်ထား​၏။


ထိုအခါ ယေရှု​က“သင်​တို့​အား ငါ​အမှန်အကန်​ဆို​မည်။ သား​တော်​သည် ခမည်းတော်​ပြု​တော်မူ​သော​အရာ​ကို​မြင်​၍ ပြု​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အရာ​ကို​မျှ မိမိ​ဆန္ဒ​အလျောက်​မ​ပြု​နိုင်။ အကြောင်းမူကား ခမည်းတော်​ပြု​တော်မူ​သမျှ​အတိုင်း သား​တော်​လည်း​ပြု​၏။


ထို​သူ​သည် ဘုရားသခင်​ထံမှ​လာ​သော​သူ​မ​ဟုတ်​လျှင် မည်သည့်​အရာ​ကို​မျှ ပြု​နိုင်​ခဲ့​မည်​မ​ဟုတ်”​ဟု ဆို​၏​။


ကယ်တင်​ခြင်း​သည် အခြား​မည်သူ​၌​မျှ​မ​ရှိ။ အကြောင်းမူကား ထို​နာမ​မှတစ်ပါး ငါ​တို့​အား​ကယ်တင်​မည့်​အခြား​သော​နာမ​ကို ကောင်းကင်​အောက် လူ​တို့​၌​ပေးအပ်​ထား​ခြင်း​မ​ရှိ”​ဟု သူ​တို့​အား​ဆို​လေ​၏။


အရေအတွက်​များ​သော​ငါ​တို့​သည်​လည်း ခရစ်တော်​၌ ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​အချင်းချင်း​ဖြစ်​ကြ​ကာ


သို့သော် ယခု​အခါ သင်​တို့​သည် အပြစ်​၏​လက်​မှ​လွတ်မြောက်​ခွင့်​ရ​၍ ဘုရားသခင်​၏​ကျွန်​ဖြစ်လာ​ကြ​ပြီး သန့်ရှင်း​ခြင်း​သို့​ရောက်​စေ​သည့်​အကျိုးကျေးဇူး​ကို ခံစား​ရ​ကြ​၏။ ၎င်း​၏​ရလဒ်​မူကား ထာဝရ​အသက်​ဖြစ်​၏။


ထိုနည်းတူ ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည်​လည်း ခရစ်တော်​၏​ကိုယ်ခန္ဓာ​အားဖြင့် ပညတ်​တရား​အရာ​၌ သေဆုံး​ခဲ့​ကြ​ပြီ။ ဤသည်ကား သင်​တို့​သည် အခြား​သူ​တည်းဟူသော သေ​သော​သူ​တို့​ထဲမှ ထမြောက်​တော်မူ​သော​အရှင်​နှင့် သက်ဆိုင်​သော​သူ​များ​ဖြစ်လာ​ကြ​ပြီး ဘုရားသခင်​အတွက် အသီး​များ​ဖြစ်ထွန်း​စေရန်​ဖြစ်​၏။


ငါ​တို့​ကျေးဇူး​တော်​ချီးမွမ်း​ရာ မင်္ဂလာ​ခွက်​သည် ခရစ်တော်​၏​သွေး​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။ ငါ​တို့​ဖဲ့​သော​မုန့်​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ကို မျှဝေ​ခံယူ​ခြင်း​ဖြစ်​သည်​မ​ဟုတ်​လော။


ထို့ကြောင့် ကိုယ်ခန္ဓာ​သည် တစ်ခုတည်း​ဖြစ်​သော်လည်း အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​၍ ကိုယ်ခန္ဓာ​၌​အင်္ဂါ​အစိတ်အပိုင်း​များစွာ​ရှိ​သော်လည်း အားလုံး​သည် ကိုယ်ခန္ဓာ​တစ်ခုတည်း​ဖြစ်​သကဲ့သို့ ခရစ်တော်​သည်​လည်း ထိုနည်းတူ​ဖြစ်​တော်မူ​၏။


သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား ငါ​တို့​သည် သမ္မာတရား​ကို​ဆန့်ကျင်​၍ မည်သည့်​အမှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာတရား​ဘက်​၌​နေ​၍​သာလျှင် ပြု​နိုင်​ကြ​၏။


မျိုးကြဲ​သော​သူ​အား မျိုးစေ့​ကို​ပေး​၍ အစာ​အတွက် မုန့်​ကို​ပေး​တော်မူ​သော​အရှင်​သည် သင်​တို့​၏​မျိုးစေ့​ကို​လည်း ပြင်ဆင်​ပေး​၍ ပွားများ​စေ​ကာ သင်​တို့​၏​ဖြောင့်မတ်​ခြင်း​ဆိုင်ရာ အသီးအပွင့်​တို့​ကို တိုးပွား​စေ​တော်မူ​လိမ့်မည်။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။


ယေရှု​ခရစ်တော်​အားဖြင့် ဖြောင့်မတ်​ခြင်း​အသီးအပွင့်​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ထင်ရှား​ခြင်း​နှင့် ဂုဏ်​တော်​ချီးမွမ်း​ခြင်း​အဖြစ်​သို့​ရောက်​မည့်​အကြောင်း ငါ​ဆုတောင်း​၏။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။


ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။


ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။


ထို​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​၌ အသီး​သီး​ကာ တိုးပွား​လျက်​ရှိ​သကဲ့သို့ ၎င်း​ကို​သင်​တို့​ကြားနာ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မှန်ကန်​စွာ​သိရှိ​ရ​သော​နေ့​မှစ၍ သင်​တို့​ထဲ၌​လည်း အသီးသီး​ကာ တိုးပွား​လျက်​ရှိ​၏။


ကောင်းမြတ်​သော​လက်ဆောင်​ရှိသမျှ​နှင့် စုံလင်​သော​ဆု​ကျေးဇူး​ရှိသမျှ​တို့​သည် အထက်​အရပ်​မှ​လာ​၍ အလင်း​တို့​၏​အဖ​ထံ​တော်​မှ​ဆင်းသက်​၏။ ထို​အဖ​ထံ​တော်​၌ ပြောင်းလဲ​ခြင်း​၊ သို့မဟုတ် ရွေ့လျား​တတ်​သည့်​အရိပ်​ဟူ၍​မ​ရှိ။


လူ​တို့​၏​ငြင်းပယ်​ခြင်း​ကို​ခံရ​သော်လည်း ဘုရားသခင်​ရွေးကောက်​တော်မူ​သော အဖိုးထိုက်​သည့် အသက်ရှင်​သော​ကျောက်​ဖြစ်​တော်မူ​သော ထို​သခင်​ထံသို့​လာ​၍


ငါ​တို့​၏​သခင်​နှင့်​ကယ်တင်ရှင်​ဖြစ်​တော်မူ​သော ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​၌​လည်းကောင်း၊ ကိုယ်တော်​ကို​သိ​သော​ဉာဏ်​၌​လည်းကောင်း ကြီးထွား​ကြ​လော့။ ယခု​မှစ၍ ထာဝရ​နေ့ရက်​ကာလ​တိုင်အောင် ကိုယ်တော်​၌ ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ