သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ဧဇရ 9:6 - မြန်မာ့စံမီသမ္မာကျမ်း “အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် အလွန်ရှက်လှပါ၏။ အသရေပျက်လျက် ရှိပါ၏။ ကိုယ်တော့်ကို မမျှော်ကြည့်ဝံ့ပါ။ အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များသည် ဦးခေါင်းကိုပင် ကျော်လွန်၍ မိုးကောင်းကင်ထိတိုင် ရောက်ပါပြီ။ Common Language Bible ငါက``အို ဘုရားသခင်၊ အကျွန်ုပ်သည်ကိုယ်တော် ၏ရှေ့တော်၌ ခေါင်းမမော်ဝံ့အောင်ပင်ရှက်ပါ၏။ အကျွန်ုပ်တို့၏အပြစ်များသည် အကျွန်ုပ်တို့ ဦးခေါင်းကိုလွှမ်းမိုးသည့်တိုင်အောင်များပြား ပါ၏။ ထိုအပြစ်များသည် မိုးကောင်းကင် အထိမြင့်မားကြီးလေးပါ၏။- Garrad Bible အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ကျိုး ယုတ် ရှက် ကွဲ၍ ကိုယ် တော့် ထံ မ မော် ဝံ့ ပါ။ အ ကျွန်ုပ် တို့ ဒု စ ရိုက် မှု သည်၊ ဦး ခေါင်း ကို လွှမ်း မိုး သည့် တိုင် အောင် များ ပြား လျက်၊ အ ပြစ် လည်း၊ မိုး ကောင်း ကင် အ ထိ ကြီး လေး ပါ ၏။ Judson Bible အို အကျွန်ုပ်ဘုရားသခင်၊ ကိုယ်တော်သို့ မမျှော်မကြည့်ဝံ့၊ ရှက်ကြောက်၍ မျက်နှာနီပါ၏။ အကျွန်ုပ်ဘုရားသခင်၊ အကျွန်ုပ်တို့ ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်တို့ ခေါင်းပေါ်မှာ အထပ်ထပ်လွှမ်းမိုး၍၊ ကြီးစွာသော အပြစ်သည် မိုးကောင်းကင်သို့ မီပါ၏။ |
သောဒုံမြို့သားတို့သည် ထာဝရဘုရားရှေ့တော်၌ အလွန်ဆိုးညစ်၍ အပြစ်များသောသူများဖြစ်ကြ၏။
ဖမ်းခေါ်သွားခြင်းခံရသောပြည်၌ သူတို့ စိတ်နှလုံးပြောင်းလဲ၍ ‘အကျွန်ုပ်တို့ ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မကောင်းမှုများကို ပြုမိပါပြီ’ဟု ဆိုလျက် နောင်တရကာ ဖမ်းခေါ်သွားခြင်းခံရသည့်အရပ်၌ပင် ကိုယ်တော့်ထံ ဆုတောင်းအသနားခံလျှင်၊
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။
မျက်စိကိုဖွင့်၊ နားကိုစွင့်တော်မူ၍ ကိုယ်တော်၏အစေအပါးအစ္စရေးလူမျိုးတို့အတွက် ရှေ့တော်၌ နေ့ညမပြတ်ဆုတောင်းပေးသောကိုယ်တော်၏အစေအပါး အကျွန်ုပ်၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ အစ္စရေးလူမျိုးတို့ ကျူးလွန်မိသောအပြစ်၊ အကျွန်ုပ်နှင့်အကျွန်ုပ်၏ဘိုးဘေးအမျိုးအနွယ်တို့ ကျူးလွန်မိသောအပြစ်တို့ကို ဝန်ချတောင်းပန်ပါ၏။
“ကြည့်ရှုလော့။ အကျွန်ုပ်သည် ယုတ်ညံ့သောသူဖြစ်ပါ၏။ ကိုယ်တော်ကို မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ အကျွန်ုပ်နှုတ်ကို လက်နှင့်ပိတ်ထားပါပြီ။
ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာမိပါ၏။ နောင်တရလျက် မြေမှုန့်ထဲ၊ ပြာပုံထဲမှာ ထိုင်နေရပါ၏”ဟု လျှောက်လေ၏။
အကြောင်းမူကား အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်၏ဦးခေါင်းကို လွှမ်းမိုးသည်အထိ များပြား၍ ဝန်ထုပ်ကြီးကဲ့သို့ အကျွန်ုပ်အတွက် လေးလံလွန်းပါ၏။
အကျွန်ုပ်၏မိုက်မဲမှုကြောင့် အကျွန်ုပ်၏ဒဏ်ရာများသည် ပုပ်စော်နံ၍ ရိရွဲကြပါ၏။
မောရှေသည် ထာဝရဘုရားထံသို့ ပြန်သွား၍ “ဤလူတို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပါပြီ။ မိမိတို့အဖို့ ရွှေဘုရားကို ပြုလုပ်ကြပါပြီ။
ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။
အကြောင်းမူကား ငါတို့ကျူးလွန်သောအပြစ်သည် ရှေ့တော်၌များပြားလှ၏။ ငါတို့၏အပြစ်များသည် ငါတို့အကြောင်း သက်သေထွက်ဆို၏။ ငါတို့ကျူးလွန်သောအပြစ်များသည် ငါတို့နှင့်အတူရှိ၍ ငါတို့၏ဒုစရိုက်များကို ငါတို့သိကြ၏။
ထို့ကြောင့် မိုးခေါင်၍ နွေဦးမိုးလည်း မရွာတော့ပေ။ ထိုသို့ဖြစ်သော်လည်း သင်သည် ပြည့်တန်ဆာကဲ့သို့ ခေါင်းမာ၍အရှက်အကြောက်မရှိ။
အကျွန်ုပ်လမ်းလွဲပြီးမှ အမှန်ပင် နောင်တရပါပြီ။ သွန်သင်ခြင်းခံရပြီးမှ အကျွန်ုပ်သည် ရင်ထုမနာဖြစ်ရပါ၏။ အကျွန်ုပ်သည် ငယ်ရွယ်စဉ်၌ ကဲ့ရဲ့ပြစ်တင်စရာဖြစ်သောကြောင့် အရှက်ကွဲရပါ၏။ အသရေပျက်ရပါ၏”ဟူ၍ မြည်တမ်းသည်ကို ငါသေချာစွာကြားရ၏။
ငါတို့သည် ဘေဘီလုံမြို့ကို ကုသပေးသော်လည်း ကုသ၍မရ။ သူ့ကိုထားခဲ့ပြီး ကိုယ့်ပြည်ကိုယ်ပြန်ကြစို့။ အကြောင်းမူကား သူခံရသောစီရင်ခြင်းသည် မိုးထိတိုင် ရောက်လေပြီ။ မိုးတိမ်ထိတိုင် မြင့်လေပြီ။
သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် မိမိတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်သောအမှုကိုပြုသောအခါ ရှက်ကြသလော။ လုံးဝမရှက်ကြ။ ရှက်ကြောက်ရမည်ကို မသိကြ။ ထို့ကြောင့် အခြားသူတို့လဲကျရာသို့ သူတို့လည်း လဲကျကြလိမ့်မည်။ ငါသည် သူတို့ကို ဒဏ်ခတ်သောအခါ ပြိုလဲသွားကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါတို့ အပြစ်ကျူးလွန်မိပြီ၊ ပုန်ကန်မိပြီ။ ကိုယ်တော်သည် ငါတို့ကို ခွင့်လွှတ်တော်မမူ။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
သို့သော် သူတို့၏အပြစ်၊ ဘိုးဘေးတို့၏အပြစ်ကို ဖော်ပြဝန်ခံမည်ဆိုလျှင်၊ သူတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုဆက်လက်ဆန့်ကျင်ကြသဖြင့်
သားကလည်း ‘အဖေ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖေ့ကိုလည်းကောင်း ပြစ်မှားခဲ့ပါပြီ။ အကျွန်ုပ်သည် အဖေ၏သားဟူ၍အခေါ်ခံရန် မထိုက်တန်တော့ပါ’ဟု ဆို၏။
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။