ရောမ 6:21 - မြန်မာ့စံမီသမ္မာကျမ်း21 ထိုစဉ်က ယခု သင်တို့ရှက်ကြောက်လျက်ရှိသောအရာတို့မှ မည်သည့်အကျိုးကျေးဇူးကို ရရှိခဲ့ကြသနည်း။ ထိုအရာတို့၏ရလဒ်သည် သေခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ထိုစဉ်အခါကသင်တို့ပြုကျင့်ခဲ့သောအမှု များသည်မည်သည့်အကျိုးကိုမျှမပေးခဲ့။ သင် တို့ကိုသာသေစေခဲ့၏။ ယခုအခါသင်တို့ သည်ထိုအမှုများအတွက်ရှက်ကြောက်လျက် နေကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ခံ စား ရ သော အ ကျိုး ကား အ သို့ နည်း။ သေ ခြင်း၌ အ ဆုံး ရောက် သည့် အ လျောက်၊ သင် တို့ ယ ခု ရှက် သော အ ရာ များ သာ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 ယခု သင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ကို ကျင့်စဉ်အခါ၊ အဘယ်အကျိုးကို ရကြသနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ထိုစဉ်က ပြုကျင့်ခဲ့သောအရာမှ မည်သည့် အကျိုးကို ရသနည်း။ သင်တို့သည် ယခင်က ကျူးလွန်ခဲ့ဖူးသောအရာများအတွက် ယခုရှက်ကြောက်ရ၏။ ထိုအရာတို့သည် သေခြင်း၌ လမ်းဆုံး၏။ အခန်းကိုကြည့်ပါ။ |
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။
သူတို့ပြုခဲ့သမျှအတွက် ရှက်မည်ဆိုလျှင် အိမ်တော်ပုံစံ၊ စီစဉ်တည်ဆောက်ပုံ၊ ထွက်ပေါက်ဝင်ပေါက်စသော အိမ်တော်တစ်ခုလုံး၏ပုံစံ၊ အိမ်တော်နှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများအားလုံး၊ ပုံစံအားလုံး၊ ဥပဒေသအားလုံး စသည်တို့ကို သူတို့သိအောင် သူတို့ရှေ့တွင်ပင် ချရေးပြလော့။ သို့မှ အိမ်တော်တစ်ခုလုံး၏ပုံစံနှင့် စည်းမျဉ်းစည်းကမ်းအားလုံးကို စောင့်ထိန်းလိုက်နာနိုင်မည်ဖြစ်သည်။
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်