လုကာ 18:13 - မြန်မာ့စံမီသမ္မာကျမ်း13 အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။ အခန်းကိုကြည့်ပါ။Common Language Bible13 သို့ရာတွင်အခွန်ခံသူမူကားအဝေးတွင် ရပ်လျက်ကောင်းကင်သို့မော်၍မျှမကြည့်ဝံ့ ဘဲ `အို ဘုရားသခင်၊ အပြစ်ကူးသူအကျွန်ုပ် အားသနားတော်မူပါ' ဟုရင်ပတ်ကိုတီးခတ် လျက်ဆုတောင်းလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 အ ခွန် ကောက် မူ ကား အ ဝေး က ရပ် လျက် ကောင်း ကင် သို့ မြော်၍ မျှ မ ကြည့် ဝံ့ ဘဲ အို ဘု ရား သ ခင်၊ အ ပြစ် သား ဖြစ် သူ အ ကျွန်ုပ် ကို သ နား တော် မူ ပါ ဟု ရင် တီး လျက် လျှောက် ၏။ အခန်းကိုကြည့်ပါ။Judson Bible13 အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။ အခန်းကိုကြည့်ပါ။မြန်မာ13 အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟု ဆုတောင်းလေ၏။- အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။
သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။