၂ ရာချုပ် 28:9 - မြန်မာ့စံမီသမ္မာကျမ်း9 ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible9 သြဒက်အမည်ရှိထာဝရဘုရား၏ပရော ဖက်သည် ရှမာရိမြို့တွင်နေထိုင်၏။ သူသည် တိုက်ပွဲမှပြန်လာသောဣသရေလတပ်မ တော်ကိုမြို့အဝင်ဝမှဆီးကြိုပြီးလျှင်``သင် တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရ ဘုရားသည်ယုဒပြည်သူတို့ကိုအမျက် ထွက်တော်မူသဖြင့် သင်တို့အားသူတို့ကို နှိမ်နင်းခွင့်ပေးတော်မူ၏။ သို့ရာတွင်သင် တို့သည်မိမိတို့အမျက်ဒေါသကိုမချုပ် တည်းဘဲသုတ်သင်သတ်ဖြတ်မှုကိုပြုခဲ့ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ထို မြို့ နေ၊ ဩ ဒက် အ မည် ရှိ သော ထာ ဝ ရ ဘု ရား ၏ ပ ရော ဖက် သည်၊ ရှ မာ ရိ မြို့ သို့ ပြန် လာ သော ဗိုလ် ထု ကို ခ ရီး ဦး ကြို ဆို လျက်၊ သင် တို့ ဘိုး ဘေး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ သင် တို့ လက် တွင်း သို့ အပ် နှင်း တော် မူ ခဲ့ သော ယု ဒ အ မျိုး ကို၊ မိုး ကောင်း ကင် အ ထိ တက် သော ဒေါ သ ဟုန် ဖြင့်၊ လုပ် ကြံ ကြ ပြီ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible9 ဩဒက်အမည်ရှိသော ထာဝရဘုရား၏ပရောဖက်တစ်ပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုးကောင်းကင်သို့ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီတကား။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူ၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကို ဆီးရီးယားဘုရင်လက်သို့ အပ်လိုက်တော်မူ၏။ ဆီးရီးယားလူမျိုးတို့သည် သူ့ကိုအောင်နိုင်ပြီး သုံ့ပန်းအမြောက်အမြားကို ဒမတ်စကပ်မြို့သို့ ဖမ်းဆီးခေါ်ဆောင်သွား၏။ သူသည် အစ္စရေးဘုရင်လက်သို့လည်း အပ်လိုက်ခြင်းခံရသဖြင့် ထိုဘုရင်သည် သူ့ကို အပြင်းအထန်တိုက်ခိုက်ချေမှုန်းလေ၏။