ထွက်မြောက် 32:31 - မြန်မာ့စံမီသမ္မာကျမ်း31 မောရှေသည် ထာဝရဘုရားထံသို့ ပြန်သွား၍ “ဤလူတို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပါပြီ။ မိမိတို့အဖို့ ရွှေဘုရားကို ပြုလုပ်ကြပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible31 မောရှေသည်ထာဝရဘုရားထံတော်သို့ ပြန်လာ၍``ဤသူတို့သည်ကြီးလေးသော ပြစ်မှုကိုကူးလွန်ခဲ့ပါပြီ။ ရွှေဘုရား ကိုသွန်းလုပ်၍ကိုးကွယ်ကြပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible31 ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် သွား၍ ဤ လူ မျိုး သည် ရွှေ ဘု ရား များ ကို လုပ် လျက် ကြီး လေး သော ပြစ် မှု ကို ပြစ် မှား လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible31 ထာဝရဘုရားအထံတော်သို့ပြန်သွား၍၊ အိုဘုရားသခင်၊ ဤလူတို့သည် ပြစ်မှားသောအပြစ်ကြီးလှပါ၏။ မိမိတို့အဖို့ ရွှေဘုရားကိုလုပ်ပါပြီ။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုးအပေါင်းတို့သည် ကိုယ်တော်၏ပညတ်တော်ကို ချိုးဖောက်၍ လမ်းလွဲကြပါပြီ။ ကိုယ်တော်၏စကားတော်ကို နားမထောင်ကြပါ။ အကျွန်ုပ်တို့သည် ဘုရားသခင်ကိုပြစ်မှားကြသောကြောင့် ကိုယ်တော်၏အစေအပါးမောရှေရေးမှတ်ထားသောပညတ္တိကျမ်းတွင်ပါသည့် တိုင်တည်ကျိန်ဆိုခြင်းကို ကိုယ်တော်သည် အကျွန်ုပ်တို့အပေါ် ကျရောက်စေတော်မူပြီ။
အို အစ္စရေးလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောအရှင် ဖြစ်တော်မူပါ၏။ အကျွန်ုပ်တို့သည် ယနေ့ လွတ်မြောက်၍ ကြွင်းကျန်သောသူများ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အပြစ်ရှိလျက်ပင် ကိုယ်တော့်ရှေ့တွင် ရပ်နေခွင့်ရပါပြီ။ သို့သော် ကိုယ့်အပြစ်ကြောင့် ရှေ့တော်တွင် ရပ်နေနိုင်သူ တစ်ဦးမျှမရှိပါ”ဟု တောင်းလျှောက်လေ၏။