Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဇ​ရ 9:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​အရှင် ဖြစ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​သည် ယနေ့ လွတ်မြောက်​၍ ကြွင်းကျန်​သော​သူ​များ ဖြစ်​ပါ​၏​။ အကျွန်ုပ်​တို့​သည် အပြစ်​ရှိ​လျက်ပင် ကိုယ်တော့်​ရှေ့​တွင် ရပ်​နေ​ခွင့်​ရ​ပါ​ပြီ​။ သို့သော် ကိုယ့်​အပြစ်​ကြောင့် ရှေ့​တော်​တွင် ရပ်​နေ​နိုင်​သူ တစ်ဦးမျှ​မ​ရှိ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဖြောင့်​မတ်​တော် မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ သို့​ရာ​တွင် ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​အ​သက်​ကို ချမ်း​သာ​ပေး​တော်​မူ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် မိ​မိ​တို့​၏​အ​ပြစ်​ကို​ဖော်​ပြ​ဝန်​ခံ​ကြ​ပါ​၏။ ဤ​အ​ပြစ်​ကြောင့်​ရှေ့​တော်​မှောက်​သို့ ဝင်​ရောက် နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ​ပါ'' ဟု​တောင်း လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ယ နေ့ တွင် ပင်၊ ဘေး လွတ် သော အ ကြွင်း အ ကျန် မျှ သာ ရှိ သေး သည် နှင့် အ ညီ၊ ကိုယ် တော် ဖြောင့် မတ် တော် မူ ပါ၏။ အ ပြစ် သင့် လျက် ပင် အ ကျွန်ုပ် တို့ သည် မျက် မှောက် တော် တွင် နေ ရ ကြ ပါ ပြီ။ ထို အ ပြစ် ကြောင့်၊ ရှေ့ တော် တွင် ရပ် တန့် နိုင် သူ တစ် စုံ တစ် ယောက် မျှ မ ရှိ ပါ ဟု တောင်း လျှောက် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အို ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဖြောင့်​မတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့​သည် ယ​နေ့​အ​သက်​လွတ်၍ ကျန်​ကြွင်း​သေး​သော​သူ ဖြစ်​ပါ၏။ ကိုယ်​အ​ပြစ်​များ​ကို ရှေ့​တော်၌ တောင်း​ပန်​ပါ၏။ ထို​အ​ပြစ်​ကြောင့်၊ ရှေ့​တော်၌ နေ​ရာ​မ​ရ​နိုင်​ပါ​ဟု တောင်း​လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဇ​ရ 9:15
26 ပူးပေါင်းရင်းမြစ်များ  

အရပ်ရပ်​၌​ကြွင်းကျန်​သူ​တို့​သည် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​အဖို့ ရွှေ​ငွေ​၊ ပစ္စည်းဥစ္စာ​၊ တိရစ္ဆာန်​တို့​မှစ၍ စေတနာ​အလျောက်​ပေးလှူ​သော​ပူဇော်သက္ကာ​တို့​ကို မိမိ​တို့​နေထိုင်​ရာ​အရပ်​မှ ကူညီထောက်ပံ့​ပါစေ​”​ဟု မိန့်မှာ​၏​။


“​အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​သည် အလွန်​ရှက်​လှ​ပါ​၏​။ အသရေပျက်​လျက် ရှိ​ပါ​၏​။ ကိုယ်တော့်​ကို မ​မျှော်ကြည့်​ဝံ့​ပါ​။ အကျွန်ုပ်​တို့​၏​ဒုစရိုက်​အပြစ်​များ​သည် ဦးခေါင်း​ကို​ပင် ကျော်လွန်​၍ မိုးကောင်းကင်​ထိ​တိုင် ရောက်​ပါ​ပြီ​။


သူ​သည် ရှေ့​တော်​တွင် စိတ်သဘော​ဖြောင့်မှန်​သော​သူ​ဖြစ်ကြောင်း ကိုယ်တော်​တွေ့မြင်​သဖြင့် ခါနာန်​ပြည်​၊ ဟိတ္တိ​ပြည်​၊ အာမောရိ​ပြည်၊ ဖေရဇိ​ပြည်​၊ ယေဗုသိ​ပြည်​၊ ဂိရဂါရှိ​ပြည်​တို့​ကို သူ​၏​သားစဉ်မြေးဆက်​တို့​အား​ပေး​ရန် သူ​နှင့်​ပဋိညာဉ်​ပြု​တော်မူ​၏​။ ကိုယ်တော်​သည်​လည်း ဖြောင့်မတ်​တော်မူ​သည်​ဖြစ်၍ ကတိ​တော်​ကို​တည်​စေ​တော်မူ​၏​။


ထာဝရဘုရား​သည် ကျေးဇူးပြု​တတ်​သော​သဘော​၊ ဖြောင့်မတ်​သော​သဘော​ရှိ​တော်မူ​၏​။ ငါ​တို့​၏​ဘုရားသခင်​သည် သနားစုံမက်​တော်မူ​တတ်​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် ဖြောင့်မတ်​တော်မူ​၏​။ ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​တို့​သည်​လည်း ဖြောင့်မှန်​ကြ​ပါ​၏​။


အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဒုစရိုက်​များ​ကို မှတ်​ထား​တော်မူ​လျှင် မည်သူ​သည်​ခံရပ်​နိုင်​ပါ​မည်နည်း​။


ကိုယ်တော်​၏​အစေအပါး​နှင့်အတူ တရားစီရင်​ရာ​သို့ ဝင်​တော်​မ​မူ​ပါ​နှင့်​။ အကြောင်းမူကား အသက်ရှင်​သော​သူ​တစ်စုံတစ်ဦး​မျှ ကိုယ်တော်​၏​ရှေ့​တော်​၌ ဖြောင့်မတ်​သည်​ဟူ၍​မ​ရှိ​ပါ​။


ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​၏​။ ကိုယ်တော်​အမျက်​ထွက်​တော်မူ​သောအခါ မည်သူ​သည် ကိုယ်တော်​၏​ရှေ့​တွင် ရပ်​နေ​နိုင်​ပါ​မည်နည်း​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​အမှု​ကို ကိုယ်တော့်​ထံ ယူဆောင်​လာ​သောအခါ ကိုယ်တော်​သည် ဖြောင့်မတ်​စွာ​စီရင်​ပေး​ပါ​၏​။ ထို့ကြောင့် ကိုယ်တော်​အား တရားမျှတမှု​အကြောင်း​ကို မေးလျှောက်​လို​ပါ​၏​။ ဆိုးယုတ်​သော​သူ​တို့​သည် အဘယ်ကြောင့် ကြီးပွား​ကြ​ပါ​သနည်း​။ သစ္စာမဲ့​သော​သူ​တို့​သည် အဘယ်ကြောင့် ကောင်းစား​ကြ​ပါ​သနည်း​။


အချင်း​လူသား​၊ အစ္စရေး​အမျိုးအနွယ်​တို့​အား ‘သင်​တို့​က ငါ​တို့​လွန်ကျူး​သော​အပြစ်​ဒုစရိုက်​များ​ကြောင့် ဝန်ပိ​လျက်​၊ ခွန်အားယုတ်လျော့​လျက်​နေ​သည်​ဖြစ်၍ မည်သို့​အသက်ရှင်​နိုင်​မည်နည်း​ဟူ၍ ဆို​တတ်​ကြ​သည်’​ဟု ဆင့်ဆို​လော့​။


ထို​ဘေး​မှ​လွတ်​၍ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည်​လည်း သူ​တို့​အပြစ်​ကြောင့် ချိုင့်ဝှမ်း​ရှိ​ခိုငှက်​ကဲ့သို့ တောင်​ပေါ်တွင် ညည်းညူ​နေ​လိမ့်မည်​။


ထာဝရဘုရား​သည် စောင့်ကြည့်​လျက် အကျွန်ုပ်​တို့​ကို ဘေးဆိုး​သင့်​စေ​ပြီ​။ စင်စစ် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား ပြု​တော်မူ​သော​အမှု​အလုံးစုံ​တို့​သည် ဖြောင့်မှန်​ပါ​၏​။ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကို နား​မ​ထောင်​ဘဲ နေ​မိ​ခဲ့​ကြ​ပါ​၏​။


သို့သော် သူ​တို့​၏​အပြစ်​၊ ဘိုးဘေး​တို့​၏​အပြစ်​ကို ဖော်ပြဝန်ခံ​မည်​ဆိုလျှင်​၊ သူ​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ဆက်လက်​ဆန့်ကျင်​ကြ​သဖြင့်


ငါ​သည်​လည်း သူ​တို့​ကို​ပြန်ဆန့်ကျင်​၍ ရန်သူ​တို့​၏​ပြည်​သို့ နှင်ထုတ်​လိုက်​သောအခါ သူ​တို့​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​စိတ်နှလုံး​ကို နှိမ့်ချ​ပြီး ကိုယ့်​အပြစ်​အတွက် ပြန်လည်​ပေးဆပ်​မည်​ဆိုလျှင်


တစ်ဖန် ကိုယ်တော်​က“ငါ​သည်​သွား​ရ​တော့မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အပြစ်​၌​သေ​ကြ​လိမ့်မည်။ ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


အကြောင်းမှာ သူ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို​မ​သိ​ဘဲ မိမိ​၏​ဖြောင့်မတ်​ခြင်း​ကို​တည်​စေရန် ရှာကြံ​လျက် ဘုရားသခင်​၏​ဖြောင့်မတ်​ခြင်း​ကို မ​နာခံ​သောကြောင့်​ဖြစ်​၏။


ပညတ်​တရား​ဆို​ထား​သမျှ​တို့​သည် ပညတ်​တရား​အောက်၌​ရှိ​သော​သူ​များ​အတွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤသည်ကား နှုတ်​ရှိသမျှ​သည် ပိတ်​ထား​ခြင်း​ခံရ​၍ လောကီသား​အပေါင်း​တို့​သည် ဘုရားသခင်​၏​တရား​စီရင်​ခြင်း​လက်အောက်​သို့ ကျရောက်​ကြ​ရန်​ဖြစ်​၏။


ခရစ်တော်​သည် ထမြောက်​တော်မမူ​ခဲ့​လျှင် သင်​တို့​၏​ယုံကြည်​ခြင်း​သည် အချည်းနှီး​ဖြစ်၍ သင်​တို့​သည် မိမိ​တို့​အပြစ်​များ​ထဲ၌​ရှိ​နေ​ကြ​သေး​၏။


သူ​တို့​သည် ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တစ်ဝက်​တို့​ရှိ​ရာ ဂိလဒ်​ပြည်​သို့​ရောက်လာ​၍ သူ​တို့​အား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ