ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ဧဇရ 8:21 - မြန်မာ့စံမီသမ္မာကျမ်း လမ်းခရီးတွင် ငါတို့နှင့်ကလေးသူငယ်များအပါအဝင် ပစ္စည်းဥစ္စာများ လုံခြုံမှုရှိစေရန် ဘုရားသခင်ရှေ့တော်၌ ကိုယ်ကိုနှိမ့်ချ၍ အစာရှောင်ဆုတောင်းကြမည့်အကြောင်း အဟာဝမြစ်နားတွင် ငါကြေညာ၏။ Common Language Bible ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။- Garrad Bible ထို နောက်၊ ဥ စ္စာ ခမ်း နား၊ သား သ မီး များ နှင့် တ ကွ၊ ငါ တို့ သွား ရာ လမ်း ဖြောင့် ကို ငါ တို့ ဘု ရား သ ခင့် ထံ ရှာ ရန်၊ မျက် မှောက် တော် တွင် နှိမ့် ချ စွာ အ စာ ရှောင် အံ့ သော နေ့ ကို၊ အ ဟာ ဝ မြစ် နား မှာ၊ ငါ ကြော် ငြာ၏။ Judson Bible ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာ ခြိုးခြံစွာကျင့်ခြင်းငှာ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။ |
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
ယုဒလူမျိုးတို့သည် ထာဝရဘုရားကိုရှာရန် စုဝေးလာကြ၏။ ထာဝရဘုရားကိုရှာရန် ယုဒမြို့ရွာအားလုံးမှ လူတို့ရောက်လာကြ၏။
အဟာဝမြို့သို့စီးဆင်းသောမြစ်ကမ်းနံဘေး၌ သူတို့ကိုစုဝေးစေပြီး သုံးရက်ခန့် စခန်းချကြ၏။ ထိုနေရာတွင် အစ္စရေးလူအုပ်ကြား၊ ယဇ်ပုရောဟိတ်တို့ကြားတွင် ငါစစ်ဆေးကြည့်ရာ လေဝိသားတစ်ယောက်ကိုမျှ မတွေ့။
ပထမလ၊ တစ်ဆယ့်နှစ်ရက်နေ့တွင် ငါတို့သည် အဟာဝမြစ်မှထွက်ခွာ၍ ဂျေရုဆလင်မြို့သို့ သွားကြ၏။ ဘုရားသခင်သည် ငါတို့နှင့်အတူပါရှိ၍ လမ်းတစ်လျှောက်လုံးတွင် ရန်သူများ၊ ချောင်းမြောင်းနေသူများ၏ရန်မှ ကွယ်ကာပေး၏။
ထိုလ နှစ်ဆယ့်လေးရက်နေ့တွင် အစ္စရေးအမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ်ကိုဝတ်လျက်၊ ခေါင်းပေါ်မှာ မြေမှုန့်ကိုတင်လျက် စုဝေးကြ၏။
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။
ငါတို့သည် ဘေဘီလုံမြစ်တို့အနားတွင် ထိုင်၍ ဇိအုန်ကိုသတိရလျက် ငိုကြွေးကြ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
ကိုယ်တော်ကိုရန်ဖက်ပြုသူများကြောင့် ကလေးသူငယ်များနှင့်နို့စို့ကလေးငယ်များ၏နှုတ်တွင် အစွမ်းသတ္တိကိုတည်စေတော်မူ၏။ ဤသည်ကား ရန်သူနှင့် လက်တုံ့ပြန်သူတို့ကို တိတ်ဆိတ်စေရန်ဖြစ်၏။
သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။
သင်တို့သည် လက်ယာဘက်၊ သို့မဟုတ် လက်ဝဲဘက်သို့ လှည့်သောအခါ “ဤလမ်းသည် မှန်၏။ ဤလမ်းအတိုင်း သွားလော့”ဟု သင်တို့နောက်၌ပြောသောစကားကို သင်တို့၏နားဖြင့် ကြားကြရမည်။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။
သူတို့သည် ဆာလောင်မည်မဟုတ်၊ ရေငတ်မည်မဟုတ်။ အပူဒဏ်၊ နေဒဏ်ကိုလည်း မခံရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုဦးဆောင်ပေးလိမ့်မည်။ စမ်းရေတွင်းသို့ လမ်းပြပေးလိမ့်မည်။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ငါနှစ်သက်သောအစာရှောင်ခြင်းကား ဤသို့လော။ လူသည် မိမိကိုယ်မိမိနှိမ့်ချ၍ ကျူပင်ကဲ့သို့ ခေါင်းကိုကိုင်းညွတ်ကာ လျှော်တေနှင့်ပြာအပေါ်လဲလျောင်းသောနေ့လော။ ဤသည်ကို အစာရှောင်ရာနေ့၊ ထာဝရဘုရားလက်ခံတော်မူသောနေ့ဟု သင်တို့ခေါ်မည်လော။
အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။
အကျွန်ုပ်တို့ လျှောက်ရမည့်လမ်း၊ ပြုရမည့်အမှုကို အရှင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူပါစေ”ဟု ဆိုကြ၏။
ထိုအခါ ငါသည် အစာရှောင်လျက်၊ လျှော်တေအဝတ်ဝတ်လျက်၊ ပြာ၌လူးလျက် အရှင်ဘုရားသခင်ထံ မျက်နှာမူ၍ အသနားခံဆုတောင်းလေ၏။
အစာရှောင်ဖို့ အသင့်ပြင်ကြလော့။ ဓမ္မစည်းဝေးပွဲကို ဆင့်ခေါ်ကြလော့။ သက်ကြီးဝါကြီးများ၊ ပြည်သူပြည်သားများအားလုံး သင်တို့ဘုရားသခင်ထာဝရဘုရား၏အိမ်တော်၌ စုရုံး၍ ထာဝရဘုရားထံ အော်ဟစ်ကြလော့။
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
ထိုနေ့၌ မိမိ၏စိတ်ဆန္ဒကိုမငြင်းပယ်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။
ထို့နောက် ရှင်ဘုရင်သည် မင်းအရာရှိတို့နှင့်တိုင်ပင်ပြီး နိနေဝေမြို့တစ်မြို့လုံးသို့ ကြေညာသည်မှာ “လူမှစ၍ တိရစ္ဆာန်များဖြစ်သော သိုးနွားတို့သည် မည်သည့်အစာကိုမျှ မမြည်းရ။ မစားရ။ ရေလည်းမသောက်ရ။
ငါတို့ကို ဓားဖြင့်သေစေရန် ထာဝရဘုရားသည် အဘယ်ကြောင့် ဤပြည်သို့ခေါ်ဆောင်ခဲ့သနည်း။ ငါတို့၏မယားနှင့်ကလေးတို့သည် လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အီဂျစ်ပြည်သို့ပြန်သွားလျှင် ငါတို့အတွက် သာ၍ကောင်းသည်မဟုတ်လော”ဟု ဆိုကြ၏။
လုယူဖျက်ဆီးခြင်းခံရလိမ့်မည်ဟု သင်တို့ပြောခဲ့သော သင်တို့၏ကလေးတို့ကို ငါပို့ဆောင်မည်ဖြစ်၍ သင်တို့စွန့်ပစ်သော ထိုပြည်ကို သူတို့ သိမြင်ရကြလိမ့်မည်။
အကြောင်းမူကား ဤကတိတော်သည် သင်တို့နှင့်သင်တို့၏သားသမီးများမှစ၍ အဝေး၌ရှိသောသူအားလုံးဖြစ်ကြသော ငါတို့၏ဘုရားသခင်ထာဝရဘုရားခေါ်တော်မူသမျှသောသူတို့အတွက်ဖြစ်၏”ဟု ဆိုလေ၏။
အစ္စရေးအမျိုးသား လူအပေါင်းတို့သည်လည်း ဗေသလမြို့သို့ တက်သွားပြီး ထာဝရဘုရားရှေ့တော်တွင် ထိုင်၍ငိုကြွေးကြ၏။ ထိုနေ့ နေဝင်သည်အထိ အစာရှောင်လျက် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်များကို ပူဇော်ကြ၏။
အစ္စရေးအမျိုးသားတို့သည်လည်း မိဇပါမြို့၌စုဝေးကြ၏။ ရေကိုခပ်ပြီး ထာဝရဘုရားရှေ့တော်၌သွန်းလောင်းကြ၏။ ထိုနေ့၌ အစာရှောင်ကြပြီး သူတို့က “အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားခဲ့ကြပြီ”ဟု ဝန်ခံကြ၏။ ဤသို့ဖြင့် ရှမွေလသည် မိဇပါမြို့၌ အစ္စရေးအမျိုးသားတို့ကို စီရင်အုပ်ချုပ်လေ၏။