ဧဇရ 8:22 - မြန်မာ့စံမီသမ္မာကျမ်း22 အကြောင်းမှာ “ငါတို့ဘုရားသခင်၏လက်တော်သည် ကိုယ်တော်ကိုရှာသောသူတို့ ကောင်းစားဖို့ဖြစ်၏။ ကိုယ်တော်ကိုစွန့်သောသူတို့၌ကား ကိုယ်တော်၏ကြီးမားသောအမျက်တော် တည်လျက်ရှိ၏”ဟု ရှင်ဘုရင်ကို ငါတို့ ပြောထားနှင့်ပြီဖြစ်၍ လမ်းခရီးတွင် ရန်သူလက်မှကာကွယ်ပေးရန် ရှင်ဘုရင်ထံ စစ်သည်နှင့် မြင်းစီးသူရဲများ တောင်းဆိုရမည်ကို ငါရှက်လှ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ငါတို့၏ဘုရားသခင်သည်ကိုယ်တော်အား ယုံကြည်ကိုးစားကြသူအပေါင်းတို့ကို ကောင်းချီးပေးတော်မူ၍ ကိုယ်တော်အား ကျောခိုင်းကြသူတို့ကိုမူနှစ်သက်တော် မမူဘဲ အပြစ်ဒဏ်ခတ်တော်မူတတ်ကြောင်း မင်းကြီးအားလျှောက်ထားခဲ့၏။ သို့ဖြစ်၍ ငါသည်ခရီးလမ်းတွင် ရန်သူများ၏ဘေး မှကာကွယ်စောင့်ရှောက်ရန်အတွက် သူ၏ ထံမှမြင်းတပ်အကူအညီကိုတောင်းခံ ရမည်မှာရှက်စရာပင်ဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible22 အ ဘယ့် ကြောင့် ရှာ ရ မည် ဆို သော်၊ ငါ တို့ ဘု ရား သ ခင့် လက် တော် သည်၊ ကိုယ် တော် ကို ရှာ ဖွေ သူ တို့ အ ပေါ် တွင်၊ ကာ ကွယ် ရန် တည် ရှိ တော် မူ ပါ၏။ စွန့် ခွာ သူ တို့ အ ပေါ် တွင် မူ ကား၊ အ မျက် တော်၊ တန် ခိုး တော် သင့် ရောက် ပါ သည် ဟု၊ ဘု ရင် မင်း ထံ ငါ တို့ တင် လျှောက် ခဲ့ သည့် အ တွက်၊ လမ်း ခ ရီး၌ ရန် သူ တို့ ကို တိုက် လှန် စေ ခြင်း ငှာ၊ စစ် သူ ရဲ၊ မြင်း စီး သူ ရဲ တို့ ကို တောင်း ရန် ငါ ရှက် လှ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။