သုတ္တံကျမ်း။ 3:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်ပြုမူကျင့်ကြံသမျှသောအမှုအရာတို့၌ ကိုယ်တော်ကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်၏လမ်းခရီးတို့ကို ဖြောင့်တန်းစေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible6 ကျင့် ကြံ သ မျှ ၌ ကိုယ် တော် ကို အာ ရုံ ပြု လျှင်၊ သင် သွား ရာ လမ်း ကို ညီ ညွတ် စေ တော် မူ မည်။ အခန်းကိုကြည့်ပါ။Judson Bible6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
ငါကိုယ်တော်တိုင် ကုရုမင်းကြီးကို ဖြောင့်မတ်ခြင်းအတွက် နိုးထစေပြီ။ သူသွားရာလမ်းရှိသမျှကို ဖြောင့်ဖြူးစေမည်။ သူသည် ငါ၏မြို့ကို ပြန်လည်တည်ဆောက်လိမ့်မည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောငါ့လူတို့ကို အဖိုးအခ၊ တံစိုးလက်ဆောင်မယူဘဲ လွှတ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။