ငါသည် အသက်ရှင်နေသရွေ့ ထာဝရဘုရားထံသို့ သီချင်းဆိုမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
ဟေရှာယ 38:20 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူမည်။ ငါတို့အသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်တွင် ကြိုးတပ်တူရိယာများကိုတီးခတ်ကြပါမည်ဟု ငါဆို၏”ဟူ၍ ဖြစ်၏။ Common Language Bible အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏အနာရောဂါကိုပျောက်ကင်း စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့သည်စောင်းများကိုတီး၍ ကိုယ်တော်၏ဂုဏ်တော်ကိုချီးမွမ်း၍ သီချင်းဆိုပါမည်။ မိမိတို့အသက်ရှင်သမျှကာလပတ်လုံး ကိုယ်တော်ရှင်၏ဗိမာန်တော်တွင်ထောမနာ ပြု၍ သီချင်းဆိုပါမည်။ Garrad Bible ထာ ဝ ရ ဘု ရား သည် ငါ့ ကို ကယ် ဆယ် ရန် အ သင့် ရှိ တော် မူ၍၊ တစ် သက် ပတ် လုံး ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော်၌ စောင်း ပတ် သာ ကို တီး ကြ အံ့ ဟု ရေး ထား သ တည်း။ Judson Bible ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တစ်သက်လုံး ဗိမာန်တော်၌ စောင်းတီး၍ သီချင်းဆိုကြလိမ့်သတည်း။ |
ငါသည် အသက်ရှင်နေသရွေ့ ထာဝရဘုရားထံသို့ သီချင်းဆိုမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
ကိုယ်တော်သည် ငါ့ကို ဂရုစိုက်နားထောင်တော်မူသောကြောင့် ငါသည် အသက်ရှင်နေသရွေ့ ကိုယ်တော်ကိုခေါ်မည်။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ရှင်ဘုရင်၊ ကိုယ်တော်ကို အကျွန်ုပ်ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက်ကောင်းချီးထောမနာပြုပါမည်။
အကျွန်ုပ်သည် ကိုယ်တော်ကို နေ့စဉ်နေ့တိုင်းကောင်းချီးထောမနာပြု၍ ကိုယ်တော်၏နာမတော်ကို ကာလအစဉ်အဆက် ချီးမွမ်းပါမည်။
ငါသည် အသက်ရှင်စဉ်အခါ ထာဝရဘုရားကိုချီးမွမ်းမည်။ ငါရှိနေသေးသရွေ့ ငါ၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားထံသို့ ရွှင်လန်းစွာကြွေးကြော်ကြလော့။ ချီးမွမ်းခြင်းသည် ဖြောင့်မှန်သောသူတို့နှင့် သင့်လျော်ပေ၏။
စောင်းတီး၍ ထာဝရဘုရားကိုချီးမွမ်းကြလော့။ ဆယ်ကြိုးတပ်စောင်းပြားတီး၍ ကိုယ်တော်ကိုသီဆိုချီးမွမ်းကြလော့။
အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။
အို ဘုရားသခင်၊ ကိုယ်တော်နှင့်အတူ စီတန်းလှည့်လည်သွားသောလူတန်းတည်းဟူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်နှင့်အတူ သန့်ရှင်းရာဌာနတော်သို့ စီတန်းလှည့်လည်သွားသောလူတန်းကို လူတို့မြင်ရကြပါ၏။
ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
ထိုအခါ ထာဝရဘုရားသည် ငါးကို အမိန့်ပေးသဖြင့် ငါးသည် ကုန်းပေါ်တွင် ယောနကို အန်ထုတ်လေ၏။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ခွန်အား ဖြစ်တော်မူ၏။ ငါ၏ခြေတို့ကို သမင်၏ခြေကဲ့သို့ဖြစ်စေ၍ မြင့်မြတ်ကောင်းမွန်သောနေရာတို့၌ ငါ့ကို သွားလာစေတော်မူ၏။ (ဂီတမှူးအတွက်၊ ကြိုးတပ်တူရိယာသံစဉ်)။