ဆာလံ 51:15 - မြန်မာ့စံမီသမ္မာကျမ်း15 အို ဘုရားရှင်၊ အကျွန်ုပ်၏နှုတ်ခမ်းကို ဖွင့်တော်မူပါ။ ထိုအခါ အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible15 အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible15 အို အ ရှင် ဘု ရား၊ အ ကျွန်ုပ်၏ နှုတ် ခမ်း များ ကို ဖွင့် တော် မူ ပါ။ နှုတ် ဖြင့် ဂုဏ် တော် ကို ချီး မွမ်း ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible15 အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ကို ဖွင့်တော်မူပါ။ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်း၍ မြွက်ဆိုပါမည်။ အခန်းကိုကြည့်ပါ။ |
ယုဒက “အကျွန်ုပ်တို့သည် သခင့်အား မည်သို့ပြန်လျှောက်နိုင်ပါမည်နည်း။ မည်သို့ဆိုနိုင်ပါမည်နည်း။ အကျွန်ုပ်တို့ဖြောင့်မတ်ကြောင်း မည်သို့သက်သေပြနိုင်ပါမည်နည်း။ ဘုရားသခင်သည် သခင့်အစေအပါးတို့၏ဒုစရိုက်ကိုတွေ့မြင်တော်မူပြီ။ လက်ဝယ်၌ခွက်ရှိသောသူမှစ၍ အကျွန်ုပ်တို့သည် သခင့်ကျွန်များဖြစ်ကြပါ၏”ဟု လျှောက်လေ၏။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။