Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 38:20 - Common Language Bible

20 အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထာ ဝ ရ ဘု ရား သည် ငါ့ ကို ကယ် ဆယ် ရန် အ သင့် ရှိ တော် မူ၍၊ တစ် သက် ပတ် လုံး ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော်၌ စောင်း ပတ် သာ ကို တီး ကြ အံ့ ဟု ရေး ထား သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​ကယ်​တင်​တော်​မူ​ပြီ။ ထို​ကြောင့်၊ ငါ​တို့​သည် တစ်​သက်​လုံး ဗိ​မာန်​တော်၌ စောင်း​တီး၍ သီ​ချင်း​ဆို​ကြ​လိမ့်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထာဝရဘုရား​သည် ငါ့​ကို​ကယ်တင်​တော်မူ​မည်​။ ငါ​တို့​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​တွင် ကြိုးတပ်​တူရိယာ​များ​ကို​တီးခတ်​ကြ​ပါ​မည်​ဟု ငါ​ဆို​၏​”​ဟူ၍ ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 38:20
19 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။ အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး​ငါ​၏​ဘု​ရား​အား ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။


ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။


ကျွန်​တော်​မျိုး​၏​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ကြီး​မြတ်​တော်​မူ​ပုံ​ကို​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ကာ​လ​အစဉ် အ​ဆက် ချီး​မွမ်း​ပါ​မည်။


နေ့​စဉ်​နေ့​တိုင်း​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပါ​မည်။ ကာ​လ​အ​စဉ်​အ​ဆက်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။


ငါ​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ထော​မ​နာ​ပြု​မည်။ တစ်​သက်​ပတ်​လုံး​ငါ​၏​ဘု​ရား​အား​ထော​မ​နာ သီ​ချင်း​ဆို​မည်။


ပတ်​သာ​ကို​တီး​လျက်၊က​ခုန်​လျက်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။ စောင်း​များ၊ပြွေ​များ​ဖြင့်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။


အို သူ​တော်​ကောင်း​အ​ပေါင်း​တို့၊​သင်​တို့​သည် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အ​မှု​တော်​အ​တွက် ဝမ်း​မြောက်​စွာ​ကြွေး​ကြော်​ကြ​လော့။ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သူ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။


စောင်း​တီး​၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​ဖြင့်​ရှေ့​တော်​၌ သီ​ချင်း​ဆို​ကြ​လော့။


အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ကို​ဖွင့်​တော်​မူ​ပါ။ ဂုဏ်​တော်​ကို​ချီး​မွမ်း​ပါ​မည်။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​အောင်​စစ်​ချီ​တော်​မူ​ခြင်း၊ ကျွန်​တော်​မျိုး​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့​ကြွ​ဝင်​တော်​မူ​ခြင်း​ကို လူ​ပေါင်း​တို့​တွေ့​မြင်​ကြ​ပါ​၏။


သီ​ချင်း​သီ​ဆို​သူ​များ​သည်​ရှေ့​မှ​လိုက်​၍ တူ​ရိ​ယာ​တီး​မှုတ်​သူ​များ​က​နောက်​မှ​လိုက် ကြ​ပါ​၏။ ပတ်​သာ​တီး​မှုတ်​သူ​အ​မျိုး​သ​မီး​ငယ်​များ​က​မူ အ​လယ်​မှ​လိုက်​ပါ​ကြ​ပါ​၏။


``ဘု​ရား​သ​ခင်​သည်​ငါ​၏​ကယ်​တင်​ရှင်​ဖြစ် တော်​မူ​၏။ ငါ​သည်​ကိုယ်​တော်​အား​ကြောက်​လန့်​၍​မ​နေ​ဘဲ ယုံ​ကြည်​ကိုး​စား​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တန်​ခိုး​နှင့် ခွန်​အား​ကို ပေး​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​ကယ်​တင်​ရှင်​တည်း။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါး​ကြီး အား​အ​မိန့်​ပေး​သ​ဖြင့် ငါး​ကြီး​သည်​ယော​န အား​ကုန်း​ပေါ်​သို့​အန်​ထုတ်​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ