“ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
ဟေရှာယ 3:23 - မြန်မာ့စံမီသမ္မာကျမ်း မှန်၊ ပိတ်ချောဝတ်ရုံ၊ ခေါင်းပေါင်း၊ ခြုံပဝါ စသည်တို့ကို ဖယ်ရှားတော်မူမည်။ Garrad Bible ကြေး မုံ၊ ပိတ် တ ဘက်၊ မ ကိုဋ်၊ ခြုံ ထည် များ၏ တင့် တယ် ခြင်း ကို ပယ် ရှား တော် မူ လျက်၊ Judson Bible လွယ်မှန်၊ အတွင်းအင်္ကျီ၊ ဦးရစ်၊ တင်းတိမ်တို့ကို ပယ်ရှင်းတော်မူမည်။ |
“ကျွန်မတို့ကိုကြိုဆိုရန် ကွင်းပြင်၌လျှောက်လာသော ထိုသူသည် မည်သူနည်း”ဟု အစေအပါးအားမေးလေ၏။ အစေအပါးကလည်း “သူသည် အကျွန်ုပ်၏သခင်ဖြစ်ပါသည်”ဟု ပြန်ပြောလျှင် ရေဗက္ကာသည် ခြုံပဝါကိုယူ၍ မျက်နှာကိုဖုံးလေ၏။
ဖာရောမင်းကြီးသည် မိမိ၏လက်မှ တံဆိပ်တုံးလက်စွပ်ကိုချွတ်၍ ယောသပ်၏လက်၌စွပ်ပေး၏။ ပိတ်ချောထည်အဝတ်တို့ကိုလည်းဝတ်ပေး၍ သူ၏လည်ပင်း၌ ရွှေဆွဲကြိုးကိုဆွဲပေးပြီး
ဒါဝိဒ်မင်းကြီးမှစ၍ သေတ္တာတော်ကိုထမ်းသောလေဝိအမျိုးသားအားလုံးနှင့် ခေနနိဦးဆောင်သောသီချင်းသီဆိုသည့်သီချင်းသည်များသည် ပိတ်ချောထည်ဝတ်လုံကို ဝတ်ဆင်ကြ၏။ ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကိုလည်း ဝတ်ဆင်ထားသေး၏။
ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
ကြိတ်ဆုံကိုယူ၍ မုန့်ညက်ကြိတ်လော့။ သင်၏မျက်နှာလွှားကို ဖယ်လော့။ ဝတ်ရုံကို ချွတ်လော့။ အဝတ်ကို ပေါင်အထိပင့်၍ မြစ်ကိုကူးလော့။
သင့်အား ဇာပန်းထိုးထည်ကို ဝတ်ဆင်ပေး၏။ သားရေဖိနပ်ကို စီးပေး၏။ ပိတ်ချောထည် ဆင်ယင်ပေး၏။ ပိုးထည် ခြုံပေး၏။
ငါကလည်း “သူ၏ခေါင်းပေါ်တွင် သန့်ရှင်းသောခေါင်းပေါင်းကိုလည်း ပေါင်းပေးပါ”ဟုဆိုလျှင် သူတို့က သူ၏ခေါင်းပေါ်တွင် သန့်ရှင်းသောခေါင်းပေါင်းကို ပေါင်းပေးပြီး အဝတ်ကိုလည်း ဝတ်ပေးကြ၏။ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း အနားတွင် ရပ်လျက်နေ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
ကောင်းကင်ဗိုလ်ခြေတို့သည် စင်ကြယ်သောပိတ်ချောဖြူကိုဝတ်ဆင်လျက် မြင်းဖြူကိုစီးကာ သူ၏နောက်သို့လိုက်ကြ၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။
“သင့် ကိုယ်ပေါ်က ခြုံထည်ကို ဖြန့်၍ ကိုင်ထားပါ”ဟု ဆို၏။ ရုသကလည်း ခြုံထည်ကို ဖြန့်၍ကိုင်ထားရာ ဗောဇက မုယောစပါးခြောက်ဧဖာ ခြင်ထည့်ပြီး ရုသအား ပေး၏။ ရုသလည်း ယူ၍ မြို့သို့ပြန်သွားလေ၏။