ရှောလမုန်သီချင်း။ 5:7 - မြန်မာ့စံမီသမ္မာကျမ်း7 မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 အိုယေရုရှလင်မြို့သမီးတို့၊ သင်တို့သည် ငါချစ် ရာ သခင်ကိုတွေ့လျှင်၊ သူ့ကိုငါချစ်၍ နာနေကြောင်းကို ကြားပြောကြပါဟု၊ ငါမှာထားတောင်းပန်ပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 မြို့ ကို လှည့် ပတ် သော ကင်း သ မား တို့ နှင့် တွေ့ လျှင်၊ ကျွန် မ ကို နာ ကျင် စွာ ရိုက် နှက် ကြ သည့် ပြင်၊ မြို့ ရိုး စောင့် တို့ လည်း ခြုံ ပ ဝါ ကို လု ယူ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible7 မြို့တွင်လည်သော ကင်းစောင့်တို့သည် ငါ့ကိုတွေ့သော်၊ နာကျင်စွာ ရိုက်ကြ၏။ မြို့ရိုးစောင့်တို့သည် ငါ့မျက်နှာဖုံးကို လုယူကြ၏။ အခန်းကိုကြည့်ပါ။ |
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။