ရုသ 3:15 - မြန်မာ့စံမီသမ္မာကျမ်း15 “သင့် ကိုယ်ပေါ်က ခြုံထည်ကို ဖြန့်၍ ကိုင်ထားပါ”ဟု ဆို၏။ ရုသကလည်း ခြုံထည်ကို ဖြန့်၍ကိုင်ထားရာ ဗောဇက မုယောစပါးခြောက်ဧဖာ ခြင်ထည့်ပြီး ရုသအား ပေး၏။ ရုသလည်း ယူ၍ မြို့သို့ပြန်သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible15 ဗော ဇ က လည်း သင်၌ ပါ သော တ ဘက် ကို ဖြန့် ခင်း လော့ ဟု ဆို၍ ရု သ ဖြန့် ခင်း ရာ၊ မု ယော စ ပါး ခြောက် ပြည် ခြင် ပြီး လျှင် ပေး အပ် ရွက် စေ၏။ အခန်းကိုကြည့်ပါ။Judson Bible15 တစ်ဖန် သင်၌ပါသော တင်းတိမ်ကိုယူခဲ့၍ ဖြန့်ခင်းတော့ဟု ဆိုသည်အတိုင်း၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကို ခြင်၍ သူ့အပေါ်မှာတင်သဖြင့်၊ သူသည် မြို့ထဲသို့သွားလေ၏။ အခန်းကိုကြည့်ပါ။ |