“ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
ဟေရှာယ 19:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ အီဂျစ်ပြည်မှ အဆီးရီးယားပြည်သို့ လမ်းမကြီးပေါက်လိမ့်မည်။ အဆီးရီးယားပြည်သားတို့သည် အီဂျစ်ပြည်သို့လည်းကောင်း၊ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သို့လည်းကောင်း သွားလာကြလိမ့်မည်။ အီဂျစ်ပြည်သားတို့သည် အဆီးရီးယားပြည်သားတို့နှင့်အတူ ဝတ်ပြုကြလိမ့်မည်။ Common Language Bible ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်နှင့်အာရှုရိပြည်စပ်ကြားတွင် လမ်းမကြီးတစ်သွယ်ဖောက်လုပ်ထားလိမ့်မည်။ ထိုပြည်များမှလူတို့သည်တစ်ပြည်နှင့်တစ် ပြည်အပြန်အလှန်ကူးသန်းသွားလာလျက် အတူတကွကိုးကွယ်ဝတ်ပြုမှုကိုပြု ကြလိမ့်မည်။- Garrad Bible ထို ကာ လ၊ အိ ဂျစ် ပြည် မှ အာ ရှု ရိ ပြည် သို့ လမ်း မ တော် ပေါက် သ ဖြင့်၊ အာ ရှု ရိ လူ တို့ သည် အိ ဂျစ် ပြည် သို့ လည်း ကောင်း၊ အိ ဂျစ် လူ တို့ သည် အာ ရှု ရိ ပြည် သို့ လည်း ကောင်း၊ ထွက် ဝင် သွား လာ လျက် နှစ် မျိုး လုံး ဝတ် ပြု ကြ လိမ့် မည်။ Judson Bible ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည်တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့လည်းကောင်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့လည်းကောင်းသွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြုကြလိမ့်မည်။ |
“ငါ့ကိုသိသောသူတို့ထဲတွင် ရာဟပ်နှင့်ဘေဘီလုံကို ငါမှတ်သားထားမည်။ ဖိလိတ္တိပြည်၊ တိုင်ရာပြည်နှင့် အီသီယိုးပီးယားပြည်တို့ကိုလည်း ကြည့်ရှုလော့။ ဤသူသည် ထိုအရပ်၌ မွေးဖွား၏။”
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှထွက်လာသောနေ့၌ သူတို့အတွက် လမ်းမကြီးဖြစ်ခဲ့သကဲ့သို့ အဆီးရီးယားပြည်မှ အသက်ရှင်ကျန်ရစ်သောလူမျိုးတော်အတွက် လမ်းမကြီးဖြစ်လိမ့်မည်။
ထိုနေ့ရက်၌ အစ္စရေးပြည်သည် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့နှင့်အတူ တတိယမြောက်ပြည်အဖြစ်ပူးပေါင်း၍ ကမ္ဘာမြေကြီးအလယ်၌ ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
လူများစွာတို့သည်လာကြ၍ “လာကြလော့။ ထာဝရဘုရား၏တောင်တော်၊ ယာကုပ်၏ဘုရားသခင့်အိမ်တော်သို့ တက်ကြကုန်စို့။ ကိုယ်တော်သည် မိမိ၏နည်းလမ်းတော်တို့ကို ငါတို့အားသွန်သင်တော်မူ၍ ငါတို့သည် ကိုယ်တော်၏လမ်းတော်၌ လျှောက်လှမ်းကြမည်”ဟု ဆိုကြလိမ့်မည်။ ပညတ်တရားသည် ဇိအုန်တောင်မှ ထွက်ပေါ်လာလိမ့်မည်။ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဂျေရုဆလင်မြို့မှ ထွက်ပေါ်လာလိမ့်မည်။
ထိုနေ့ရက်၌ တံပိုးကြီးကိုမှုတ်လိမ့်မည်။ အဆီးရီးယားပြည်၌ပျောက်ဆုံးသောသူ၊ အီဂျစ်ပြည်သို့နှင်ထုတ်ခြင်းခံရသောသူတို့သည် ဂျေရုဆလင်မြို့၊ သန့်ရှင်းသောတောင်ပေါ်သို့လာ၍ ထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလိမ့်မည်။
အစ္စရေးလူမျိုးကိုရွေးနုတ်တော်မူသောအရှင်၊ ထိုလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားက လူတို့၏မထီမဲ့မြင်ပြုခြင်းခံရသော၊ လူမျိုးတကာတို့၏စက်ဆုပ်ရွံရှာခြင်းခံရသော၊ အုပ်စိုးသောမင်းတို့ထံ၌ကျွန်ခံရသောသူအား “သင့်ကိုရွေးချယ်တော်မူ၍ သစ္စာရှိတော်မူသော အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ထာဝရဘုရားကို ရှင်ဘုရင်တို့သည် မြင်၍ အကြီးအကဲတို့မတ်တတ်ရပ်ကြပြီး သူတို့အတူတကွ ရှိခိုးကိုးကွယ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ဖြတ်သွားကြ။ မြို့တံခါးကို ဖြတ်သွားကြ။ လူမျိုးတကာတို့သွားရာလမ်းကိုပြင်ကြ။ ဖို့ကြ။ လမ်းမကြီးကိုဖို့ကြ။ ကျောက်ခဲကိုဖယ်ကြ။ လူမျိုးတကာတို့အတွက် အချက်ပြအလံကိုလွှင့်ထူကြ။
ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ထိုနေ့ရက်၌ လူတို့သည် အဆီးရီးယားပြည်မှစ၍ အီဂျစ်မြို့ရွာများ၊ အီဂျစ်ပြည်မှစ၍ ယူဖရေးတီးမြစ်တိုင်အောင် ပင်လယ်အရပ်ရပ်၊ တောင်တန်းအသွယ်သွယ်တို့မှ သင့်ထံသို့ လာကြလိမ့်မည်။