Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 19:23 - Common Language Bible

23 ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ အီ​ဂျစ်​ပြည်​နှင့်​အာ​ရှု​ရိ​ပြည်​စပ်​ကြား​တွင် လမ်း​မ​ကြီး​တစ်​သွယ်​ဖောက်​လုပ်​ထား​လိမ့်​မည်။ ထို​ပြည်​များ​မှ​လူ​တို့​သည်​တစ်​ပြည်​နှင့်​တစ် ပြည်​အ​ပြန်​အ​လှန်​ကူး​သန်း​သွား​လာ​လျက် အ​တူ​တ​ကွ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​ပြု ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ထို ကာ လ၊ အိ ဂျစ် ပြည် မှ အာ ရှု ရိ ပြည် သို့ လမ်း မ တော် ပေါက် သ ဖြင့်၊ အာ ရှု ရိ လူ တို့ သည် အိ ဂျစ် ပြည် သို့ လည်း‌ ကောင်း၊ အိ ဂျစ် လူ တို့ သည် အာ ရှု ရိ ပြည် သို့ လည်း‌ ကောင်း၊ ထွက် ဝင် သွား လာ လျက် နှစ် မျိုး လုံး ဝတ် ပြု ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​ကာ​လ၌ အဲ​ဂု​တ္တု​ပြည်​မှ​သည် အာ​ရှု​ရိ​ပြည်​တိုင်​အောင်၊ လမ်း​တွင်​လိမ့်​မည်။ အာ​ရှု​ရိ​လူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​လူ​သည်၊ အာ​ရှု​ရိ​ပြည်​သို့​လည်း​ကောင်း​သွား​လာ၍ အဲ​ဂု​တ္တု​လူ​နှင့် အာ​ရှု​ရိ​လူ​တို့​သည် တ​ညီ​တ​ညွတ်​တည်း ဝတ်​ပြု​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​နေ့ရက်​၌ အီဂျစ်​ပြည်​မှ အဆီးရီးယား​ပြည်​သို့ လမ်းမကြီး​ပေါက်​လိမ့်မည်​။ အဆီးရီးယား​ပြည်သား​တို့​သည် အီဂျစ်​ပြည်​သို့​လည်းကောင်း​၊ အီဂျစ်​ပြည်သား​တို့​သည် အဆီးရီးယား​ပြည်​သို့​လည်းကောင်း သွားလာ​ကြ​လိမ့်မည်​။ အီဂျစ်​ပြည်သား​တို့​သည် အဆီးရီးယား​ပြည်သား​တို့​နှင့်အတူ ဝတ်ပြု​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 19:23
15 ပူးပေါင်းရင်းမြစ်များ  

အီ​ဂျစ်​ပြည်​မှ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ထွက်​ခွာ​လာ​စဉ်​အ​ခါ​က​ကဲ့​သို့​ပင် အာ​ရှု​ရိ ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သူ​ကိုယ်​တော်​၏​လူ မျိုး​တော်​ထွက်​ခွာ​ရန်​အ​တွက်​လမ်း​မ​ကြီး တ​သွယ်​ကို​ဖြစ်​ပေါ်​စေ​တော်​မူ​လိမ့်​မည်။


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​သော​အ​ခါ​အာ ရှု​ရိ​ပြည်​နှင့်​အီ​ဂျစ်​ပြည်​၌​ပြည်​နှင်​ဒဏ်​သင့် လျက်​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း ကို​ခေါ်​ယူ​ရန်​တံ​ပိုး​ခ​ရာ​မှုတ်​လိမ့်​မည်။ သူ တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​ရှိ​မြင့်​မြတ် သော​တောင်​တော်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား အား​ကိုး​ကွယ်​ဝတ်​ပြု​ရန်​လာ​ရောက်​ကြ လိမ့်​မည်။


ကိုယ်​တော်​မိန့်​တော်​မူ​သည်​မှာ ``ငါ​၏​စ​ကား​ကို​နား​ထောင်​သည့်​နိုင်​ငံ​များ စာ​ရင်း​ကို​ယူ​သော​အ​ခါ​အီ​ဂျစ်​ပြည်​နှင့် ဗာ​ဗု​လုန်​ပြည်​ကို​ငါ​ထည့်​သွင်း​မည်။ ဖိ​လိတ္တိ​ပြည်၊တု​ရု​ပြည်​နှင့်​ဆူ​ဒန်​ပြည်​မှ လူ​တို့​သည်​လည်း​ယေ​ရု​ရှ​လင်​မြို့​သား​များ စာ​ရင်း​တွင်​ငါ​ဖော်​ပြ​မည်။''


ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​တန်​ခိုး​တော်​ကို အ​သုံး​ပြု​တော်​မူ​လျက်​အာ​ရှု​ရိ​ပြည်၊ အီ​ဂျစ် ပြည်၊ ပါ​သ​ရု​ပြည်၊ ဆူ​ဒန်​ပြည်၊ ဧ​လံ​ပြည်၊ ဗာ​ဗု​လုန်​ပြည်၊ ဟာ​မတ်​ပြည်၊ ပင်​လယ်​ကမ်း ခြေ​ဒေ​သ​များ​နှင့်​ကျွန်း​များ​တွင် ကျန်​ရှိ နေ​သေး​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား​မိ​မိ​တို့​ဌာ​နေ​သို့​ပြန်​လည်​ပို့​ဆောင် တော်​မူ​လိမ့်​မည်။-


ထို​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ပြည်​သည်​အီ​ဂျစ်​ပြည်၊ အာ​ရှု​ရိ ပြည်​နှင့်​ရင်​ဘောင်​တန်း​လျက်​နေ​လိမ့်​မည်။ ထို နိုင်​ငံ​သုံး​ခု​သည်​ကမ္ဘာ​တစ်​ဝှမ်း​လုံး​အ​တွက် ကောင်း​ကျိုး​ချမ်း​သာ​ကို​ဖြစ်​ပွား​စေ​လိမ့်​မည်။-


လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊ မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊ ``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။ မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။'' အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။


``ငါ​သည်​တောင်​တန်း​များ​ကို​ဖြတ်​၍​လမ်း​မ​ကြီး တစ်​သွယ်​ကို​ဖောက်​လုပ်​မည်။ ငါ​၏​လူ​မျိုး​တော်​အ​တွက်​ခ​ရီး​လမ်း​ကို ပြင်​ဆင်​မည်။


ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။ လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။ တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။


``လ​ဆန်း​ပွဲ​တော်​နေ့​များ​နှင့်​ဥ​ပုသ်​နေ့​ကျ ရောက်​သည့်​အ​ခါ​တိုင်း လူ​မျိုး​တ​ကာ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ​၍​ငါ့​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လိမ့်​မည်'' ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်။-


သင်​တို့​၏​လူ​မျိုး​တော်​သည်​အ​ရှေ့​ဘက် အာ​ရှု​ရိ​ပြည်​မှ​လည်း​ကောင်း၊ တောင်​ဘက် အီ​ဂျစ်​ပြည်​မှ​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ် ဝှမ်း​ဒေ​သ​မှ​လည်း​ကောင်း၊ ဝေး​လံ​သော ပင်​လယ်​များ​နှင့်​တောင်​များ​မှ​လည်း​ကောင်း သင်​တို့​ထံ​သို့​ပြန်​လာ​ကြ​လိမ့်​မည်။-


သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​၏ ဗိ​မာန်​တော်​သို့​ငါ​တို့​တက်​ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​အ​လို​တော်​ကို​သင်​ယူ​ကြ​ကုန်​အံ့။ ကိုယ်​တော်​ရွေး​ချယ်​ပေး​တော်​မူ​သော​လမ်း​ကို ငါ​တို့​လိုက်​လျှောက်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ လိမ့်​မည်။ ``ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည် ယေ​ရု​ရှ​လင်​မြို့​မှ​လည်း​ကောင်း ကိုယ်​တော်​၏​နှုတ်​က​ပတ်​တော်​သည် ဇိ​အုန်​တောင်​ပေါ်​မှ​လည်း​ကောင်း ပေါ်​ထွက်​လာ​လိမ့်​မည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ