မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။
ဟေရှာယ 16:2 - မြန်မာ့စံမီသမ္မာကျမ်း အသိုက်အဖျက်ခံရ၍ ထွက်ပြေးသောငှက်များကဲ့သို့ မောဘသမီးတို့သည် အာနုန်မြစ်ဆိပ်၌ ရောက်နေကြ၏။ Common Language Bible သူတို့သည်အာနုန်မြစ်ကမ်းပေါ်တွင်စောင့် ဆိုင်းလျက်နေစဉ် အသိုက်ကိုစွန့်ခွာခဲ့ရသည့် ငှက်များကဲ့သို့ ခြေဦးတည့်ရာခေါက်တုံ့ ခေါက်ပြန်သွားလာလျက်နေကြ၏။ Garrad Bible အ သိုက် ခွာ၍ လှည့် လည် ရ သော ငှက် များ ကဲ့ သို့၊ မော ဘ သ တို့ သ မီး တို့ သည်၊ အာ နုန် မြစ် ကူး ဆိပ် မှာ ရှိ ကြ ရာ၊ အ ကြံ ပေး၍ ခုံ သ မာ ဓိ လုပ် ပါ လော့။ Judson Bible မိမိအသိုက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာ ကမ်းနားမှာရှိကြလိမ့်မည်။ |
မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။
လူးလာပျံဝဲသည့် စာငှက်ကဲ့သို့လည်းကောင်း၊ ပျံသန်းသွားလာသည့် ပျံလွှားငှက်ကဲ့သို့လည်းကောင်း အကြောင်းမဲ့ကျိန်ဆဲခြင်းသည် လာရောက်ရပ်နားခြင်းမရှိတတ်။
မိမိအိမ်မှထွက်သွား၍ လှည့်လည်သွားလာသောသူသည် မိမိ၏အသိုက်မှထွက်သွား၍ လှည့်လည်သွားလာသောငှက်နှင့်တူ၏။
လူအသီးသီးတို့သည် အမဲလိုက်ခံရသောဒရယ်ကဲ့သို့၊ စုစည်းပေးမည့်သူမရှိသောသိုးကဲ့သို့ ဖြစ်လိမ့်မည်။ မိမိလူမျိုးထံ ပြန်လှည့်၍ မိမိပြည်သို့ ပြန်ပြေးလာကြလိမ့်မည်။
မောဘပြည် ပြိုလဲပြီဖြစ်၍ အရှက်ကွဲပြီ။ ငိုကြွေးမြည်တမ်းကြလော့။ မောဘပြည် ဖျက်ဆီးခံရကြောင်းကို အာနုန်ချောင်းတစ်လျှောက် ကြေညာကြလော့။
အို မောဘပြည်၊ သင်သည် အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ ပျက်စီးကြပြီ။ သင့်သားတို့သည် သုံ့ပန်းအဖြစ်ပါသွားပြီ။ သင့်သမီးတို့သည်လည်း ဖမ်းခေါ်သွားခြင်းခံရလေပြီ။
အဝေးသို့ပျံသန်းသွားရမည့် မောဘပြည်ကို အတောင်ပံပေးလော့။ မောဘမြို့တို့သည် နေထိုင်သူမရှိ၊ လူသူကင်းမဲ့မည်။
အို မောဘပြည်၊ သင်၌ အမင်္ဂလာရှိ၏။ အို ခေမုရှဘုရား၏လူတို့၊ သင်တို့ပျက်စီးလေပြီ။ ခေမုရှဘုရားသည် မိမိသားများကို ဝရမ်းပြေးအဖြစ်၊ မိမိသမီးများကို သုံ့ပန်းအဖြစ် အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီးအား ပေးအပ်လေပြီတကား။
အာနုန်ချောင်းစပ်ရှိအာရော်မြို့မှစ၍ ထိုချောင်းအနားရှိမြို့အပါအဝင် ဂိလဒ်မြို့တိုင်အောင် ငါတို့ကိုခုခံနိုင်သောမြို့တစ်မြို့မျှမရှိ။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့အားလုံးကို ငါတို့အား ပေးတော်မူ၏။
ထိုအချိန်၌ ငါတို့သိမ်းပိုက်ခဲ့သောမြေကို ရုဗင်အမျိုးနှင့်ဂဒ်အမျိုးတို့အား အာနုန်ချောင်းနံဘေးရှိအာရော်မြို့မှ ဂိလဒ်တောင်ပေါ်ဒေသတစ်ဝက်အထိ မြို့များနှင့်တကွ ငါပေး၏။
ထိုအချိန်၌ ငါတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးလက်မှမြေကို အာနုန်ချောင်းမှ ဟေရမုန်တောင်တိုင်အောင် သိမ်းယူခဲ့၏။
သူတို့ရရှိသောနယ်မြေမှာ ဤသို့ဖြစ်၏။ အာနုန်ချောင်းနံဘေးရှိ အာရော်မြို့နှင့် ချောင်းအလယ်ပိုင်းရှိမြို့၊ မေဒဘလွင်ပြင်တစ်ခုလုံး၊
ထိုမှ ဧဒုံပြည်၊ မောဘပြည်ကိုရှောင်ကွင်း၍ တောကန္တာရကိုဖြတ်ကာ မောဘပြည်အရှေ့ဘက်သို့ရောက်သောအခါ အာနုန်ချောင်းတစ်ဖက်၌ စခန်းချကြ၏။ အာနုန်ချောင်းသည် မောဘပြည်၏နယ်နိမိတ်ဖြစ်သောကြောင့် သူတို့သည် မောဘနယ်နိမိတ်ထဲကို မဝင်ခဲ့ကြ။