Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 11:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထိုမှ ဧဒုံ​ပြည်​၊ မောဘ​ပြည်​ကို​ရှောင်ကွင်း​၍ တောကန္တာရ​ကို​ဖြတ်​ကာ မောဘ​ပြည်​အရှေ့ဘက်​သို့​ရောက်​သောအခါ အာနုန်​ချောင်း​တစ်ဖက်​၌ စခန်းချ​ကြ​၏​။ အာနုန်​ချောင်း​သည် မောဘ​ပြည်​၏​နယ်နိမိတ်​ဖြစ်​သောကြောင့် သူ​တို့​သည် မောဘ​နယ်နိမိတ်​ထဲ​ကို မ​ဝင်​ခဲ့​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ထို​နောက်​သူ​တို့​သည်​ဧ​ဒုံ​ပြည်​နှင့်​မော​ဘ ပြည်​တို့​ကို​ပတ်​၍​သဲ​ကန္တာ​ရ​ကို​ဖြတ်​ပြီး လျှင် မော​ဘ​ပြည်​၏​အ​ရှေ့​ဘက်၊ အာ​နုန်​မြစ် တစ်​ဘက်​ကမ်း​သို့​ရောက်​ရှိ​လာ​သော​အ​ခါ ထို​အ​ရပ်​တွင်​စ​ခန်း​ချ​ကြ​၏။ အာ​နုန်​မြစ် သည်​မော​ဘ​ပြည်​၏​နယ်​နိ​မိတ်​ဖြစ်​သ​ဖြင့် ထို​မြစ်​ကို​သူ​တို့​မ​ကူး​မ​ဖြတ်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သဲ က န္တာ ရ ကို လျှောက် လျက်၊ ဧ ဒုံ ပြည် နှင့် မော ဘ ပြည် များ ကို ကွင်း၍ မော ဘ ပြည့် အ ရှေ့ ဘက် လှည့် သွား ပြီး မှ အာ နုန် ချောင်း တစ် ဖက် တွင် စ ခန်း ချ ရ ကြ၏။ အာ နုန် ချောင်း သည် မော ဘ ပြည်၏ နယ် ခြား ဖြစ် သည့် အ လျောက် ၎င်း ပြည် အ တွင်း တွင် မ ဝင် မ ရောက် ကြ ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 နောက်​တစ်​ဖန် တော​ကို​လျှောက်​လျက်၊ ဧ​ဒုံ​ပြည်​နှင့် မော​ဘ​ပြည်​ကို ဝိုင်း၍ မော​ဘ​ပြည်​အ​ရှေ့​ဘက်​သို့ ရောက်​ပြီး​မှ အာ​နုန်​မြစ်​တစ်​ဖက်၌ တပ်​ချ​ကြ၏။ ထို​အ​ခါ မော​ဘ​ပြည်​နယ်​အ​တွင်း​သို့ မ​ဝင်​ကြ။ အာ​နုန်​မြစ်​သည် မော​ဘ​ပြည်​အ​ပိုင်း​အ​ခြား ဖြစ်​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 11:18
8 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​သည် ကာဒေရှ​အရပ်​မှ ခရီးပြု​ကြ​ရာ ဟောရ​တောင်​သို့​ရောက်လာ​ကြ​၏​။


ဗာလက်​မင်းကြီး​သည် ဗာလမ်​လာ​ကြောင်း​ကြား​သောအခါ မိမိ​နယ်မြေ​အစွန်အဖျား​၊ အာနုန်​ချောင်း​အနီး​ရှိ မောဘ​ပြည်​၏​မြို့​တစ်​မြို့​၌ သူ​နှင့်​တွေ့ဆုံ​ရန် ထွက်လာ​၏​။


‘​ယနေ့ သင်​တို့​သည် အာရ​ပြည်​၊ မောဘ​နယ်စပ်​ကို ဖြတ်သွား​ရ​မည်​။


ထ​၍ ခရီးပြု​ကြ​လော့​။ အာနုန်​ချောင်း​ကို​ကူးသွား​လော့​။ အာမောရိ​လူမျိုး​ဖြစ်​သော ဟေရှဘုန်​ဘုရင်​ရှိဟုန်​မင်းကြီး​နှင့် သူ​၏​ပြည်​ကို သင်​တို့​လက်​သို့ ငါ​အပ်​ပြီ​။ သူ့​ပြည်​ကို​စတင်​သိမ်းပိုက်​လော့​။ သူ့​ကို​ရန်စ​၍ တိုက်ခိုက်​လော့​။


တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​မောဘ​ကို ရန်​မ​ပြု​နှင့်​။ စစ်​ဖြစ်​အောင် သူ​တို့​ကို​ရန်​မ​စ​နှင့်​။ အာရ​အရပ်​ကို လောတ​၏​သားမြေး​တို့​အား ငါ​အပိုင်​ပေး​ထား​ပြီ​ဖြစ်၍ သူ​တို့​၏​မြေ​ကို သင်​တို့​ပိုင်​ဖို့ ငါ​မ​ပေး​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ