ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ဟေရှာယ 12:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။ Common Language Bible ထာဝရဘုရားအားထောမနာပြုကြလော့။ ကူမတော်မူရန်တောင်းလျှောက်ကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ ကိုယ်တော်၏ကြီးမြတ်တော်မူပုံကို သူတို့အားပြောကြားကြလော့'' ဟု လူတို့သီဆိုကူးဧမည့်အချိန်ကာလ ကျရောက်လာလိမ့်မည်။ Garrad Bible ထို ကာ လ သင် တို့ က၊ ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ကို ချီး မွမ်း ကြ လော့။ နာ မ တော် ကို ပ ဌ နာ ပြု ကြ လော့။ အ မှု တော် များ ကို လူ အ မျိုး မျိုး တို့ သိ စေ ကြ လော့။ နာ မ တော် မြင့် မြတ် ကြောင်း ကို ဖော် ပြ ကြ လော့။ Judson Bible ထိုကာလ၌လည်း ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ နာမတော်ကို ပတ္ထနာပြုကြလော့။ အမှုတော်တို့ကို လူများတို့တွင် ဖော်ပြကြလော့။ နာမတော်သည်မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ |
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
လေဝိအမျိုး ယေရွှာ၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က “မတ်တတ်ရပ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြုကြလော့။ ဘုန်းကြီးသောနာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းရှိသမျှတို့ထက် ချီးမြှောက်ကြလော့။
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
မည်သူသည် ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် တူသနည်း။ ကိုယ်တော်သည် မြင့်မြတ်သောအရပ်၌ စိုးစံတော်မူ၏။
ကိုယ်တော်၏နာမတော်တစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရ၍ ကိုယ်တော်၏ဘုန်းကျက်သရေသည် မြေကြီးနှင့် ကောင်းကင်အထက်၌ရှိတော်မူသောကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြပါစေ။
ထာဝရဘုရားသည် အသက်ရှင်တော်မူ၏။ သို့ဖြစ်၍ ငါ၏ကျောက်ဆောင်ကို ကောင်းချီးထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောဘုရားသခင်ကို ချီးမြှောက်ကြလော့။
အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။
သူတို့သည် လာ၍ မွေးဖွားလာမည့်လူမျိုးအား ကိုယ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို ပြောကြားကြလိမ့်မည်။ အကြောင်းမူကား ထိုအမှုကိုကိုယ်တော်ပြုတော်မူပြီ။
ထာဝရဘုရားကြီးမြတ်တော်မူကြောင်းကို ငါနှင့်အတူဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်ကို အတူတကွချီးမြှောက်ကြစို့။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
“ငြိမ်ဝပ်စွာနေ၍ ငါသည်ဘုရားသခင်ဖြစ်ကြောင်း သိမှတ်ကြလော့။ ငါသည် လူမျိုးတကာတို့အလယ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်တွင် ချီးမြှောက်ခြင်းရှိလိမ့်မည်။”
အို ဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်အထက်၌ချီးမြှောက်ခြင်းရှိပါစေသော။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေတစ်ခွင်လုံးကို လွှမ်းမိုးပါစေသော။
ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
အကျွန်ုပ်အတွက်မူကား ဘုရားသခင်ထံတော်သို့ချဉ်းကပ်ခြင်းသည် ကောင်းမြတ်ပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏အမှုတော်ရှိသမျှတို့ကို ပြောကြားရန် ဘုရားရှင်ထာဝရဘုရားကို အကျွန်ုပ်၏ခိုလှုံရာဖြစ်စေပါ၏။
ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
ကိုယ်တော်၏ဘုန်းအသရေတော်ကို တိုင်းနိုင်ငံတို့အလယ်၌လည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း ပြောကြားကြလော့။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာမြေတစ်ခွင်လုံးတွင် အမြင့်ဆုံးသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် အလွန်ချီးမြှောက်ခြင်းခံရတော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
ထာဝရဘုရားကလည်း “ငါ၏ကောင်းမြတ်ခြင်းအလုံးစုံတို့ကို မျက်ဝါးထင်ထင်သင်မြင်ရမည်။ ထာဝရဘုရား၏နာမကို သင့်ရှေ့၌ ကြေညာမည်။ ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ထိုနေ့ရက်၌ မောက်မာသောသူသည် ဦးကျိုးသွားရမည်။ ထောင်လွှားသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ထို့ကြောင့် အရှေ့အရပ်၌လည်း ထာဝရဘုရားကို ဂုဏ်ပြုချီးမွမ်းကြလော့။ ပင်လယ်ကမ်းရိုးတန်းဒေသတို့၌လည်း အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို ဂုဏ်ပြုချီးမွမ်းကြလော့။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော့်ကို ချီးမြှောက်ပါမည်။ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းပါမည်။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုကိုပြုတော်မူပြီ။ ရှေးအကြံအစည်တော်တို့ကို မြဲမြံသောသစ္စာနှင့်ပြုတော်မူပြီ။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
ထာဝရဘုရားသည် မြင့်မြတ်တော်မူသည်ဖြစ်၍ မြင့်ရာအရပ်၌ကိန်းဝပ်တော်မူ၏။ ဇိအုန်တောင်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းဖြင့် ပြည့်စေတော်မူ၏။
သူတို့သည် ထာဝရဘုရား၏ဘုန်းအသရေတော်ကိုချီးမွမ်းကြပါစေ။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို ကမ်းရိုးတန်းဒေသတို့၌ ပြောကြားကြပါစေ။
ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။
သူတို့တွင် နိမိတ်လက္ခဏာပြမည်။ အသက်ရှင်ကျန်ရစ်သောသူတို့ကို တာရှုပြည်၊ ပုလပြည်၊ လေးပစ်ကျွမ်းကျင်သောလုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်၊ ဝေးလံသောကမ်းရိုးတန်းဒေသများစသော ငါ၏ဂုဏ်သတင်းကိုမကြားဖူး၊ ဘုန်းအသရေကိုလည်း မမြင်ဖူးသည့်လူမျိုးများထံသို့ ငါစေလွှတ်မည်။ ထိုလူမျိုးများတွင် ငါ၏ဘုန်းအသရေကို သူတို့ပြောကြားကြလိမ့်မည်။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။