ဟေရှာယ 48:20 - မြန်မာ့စံမီသမ္မာကျမ်း20 ဘေဘီလုံမြို့မှ ထွက်လာကြလော့။ ခါလဒဲလူမျိုးတို့ထံမှ ထွက်ပြေးလာကြလော့။ “ထာဝရဘုရားသည် မိမိအစေအပါးယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ”ဟု ရွှင်လန်းသောအသံဖြင့် မြေကြီးစွန်းရောက်သည်အထိ ကြေညာကြလော့။ ကြားသိစေကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible20 ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible20 ဗာ ဗု လုန် မြို့ တွင်း မှ ထွက် ကြ လော့။ ခါ လ ဒဲ လူ တို့ ဘောင် မှ သွား ကြ လော့။ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် နှံ့ ပြား စေ လျက်၊ ကြွေး ကြော် သံ နှင့် တ ကွ ဖော် ပြ ကြား ပြော ရ မည် မှာ၊ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း ယာ ကုပ် ကို ရွေး နုတ် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible20 ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။ အခန်းကိုကြည့်ပါ။ |
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။