၁ ရာချုပ် 29:11 - မြန်မာ့စံမီသမ္မာကျမ်း
11 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 ကိုယ်တော်ရှင်သည်ကြီးမြတ်တော်မူ၍တန်ခိုး တော်ဘုန်းအသရေတော်၊ အရောင်အဝါတော်၊ အာနုဘော်တော်တို့နှင့်ပြည့်စုံတော်မူပါ၏။ ကောင်းကင်နှင့်မြေကြီးပေါ်တွင်ရှိသမျှသော အရာတို့ကိုပိုင်တော်မူ၍ ကိုယ်တော်ရှင်သည် လူခပ်သိမ်းတို့အားအချုပ်အခြာအာဏာ တော်ဖြင့်အစိုးရသည့်ဘုရင်ဖြစ်တော်မူပါ ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
11 အို ထာ ဝ ရ ဘု ရား၊ ဘုန်း ကြက် သ ရေ အာ နု ဘော် တော် နှင့် မ ဟာ တန် ခိုး တော် သည် ကိုယ် တော့် မှာ သာ ရှိ ပါ ၏။ မိုး မြေ ၌ ရှိ သ မျှ သည် ကိုယ် တော် ပိုင် ဖြစ် ပါ ၏။ အို ထာ ဝ ရ ဘု ရား နိုင် ငံ တော် လည်း ပိုင် ရာ တော် ဖြစ် ၍ ကိုယ် တော် သည် အ ထွဋ် အ မြတ် ဆုံး ဖြစ် တော် မူ ပါ ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
11 အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အစိုးရတော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွတ်၊ မြင့်မြတ်တော်မူ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ