ဆာလံ 21:13 - မြန်မာ့စံမီသမ္မာကျမ်း13 အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible13 အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။ အခန်းကိုကြည့်ပါ။Garrad Bible13 အို ထာ ဝ ရ ဘု ရား တန် ခိုး တော် အား ဖြင့်၊ မြင့် မြတ် ရာ တွင် စံ တော် မူ ပါ။ ထို သို့ နှင့် အ ညီ၊ အ စွမ်း တော် အ ကြောင်း အ ကျွန်ုပ် တို့ ကျူး ဧ ဖွဲ့ ဆို ရ ကြ ပါ မည်။ အခန်းကိုကြည့်ပါ။Judson Bible13 အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်းဆိုကြပါမည်။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။