သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ဟေရှာယ 10:9 - မြန်မာ့စံမီသမ္မာကျမ်း ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။ Common Language Bible ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။- Garrad Bible ကာ လ နော မြို့ သည် ခါ ခေ မိတ် မြို့ ကဲ့ သို့ လည်း ကောင်း၊ ဟာ မတ် မြို့ သည် အာ ပဒ် မြို့ ကဲ့ သို့လည်း ကောင်း၊ ရှ မာ ရိ မြို့ သည် ဒ မာ သက် မြို့ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ခဲ့ လေ ပြီ မ ဟုတ် လော။ Judson Bible ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော။ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ဟာဒဒေဇာမင်းကြီး၏စစ်တပ်တစ်တပ်လုံးအား ဒါဝိဒ်မင်းကြီးချေမှုန်းလိုက်ကြောင်းကို ဟာမတ်ဘုရင်တောဣမင်းကြီးကြားလျှင်
အဆီးရီးယားဘုရင်သည် အာခတ်မင်းကြီး၏စကားကို နားထောင်၍ ဒမတ်စကပ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတို့ကို ကိရမြို့သို့ဖမ်းခေါ်သွား၏။ ရေဇိန်မင်းကြီးကိုလည်း ကွပ်မျက်လိုက်၏။
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ငါ့ဘိုးဘေးတို့ အကုန်အစင်ဖျက်ဆီးပစ်ခဲ့သောဤလူမျိုးတို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိလူမျိုးကို ငါ့လက်မှ ကယ်နုတ်နိုင်သနည်း။ သင်တို့၏ဘုရားသခင်သည်လည်း သင်တို့ကို ငါ့လက်မှ မည်သို့ကယ်နုတ်နိုင်မည်နည်း။
ဤသို့ ယောရှိမင်းကြီး အိမ်တော်ကိုပြင်ဆင်ပြီးသည့်နောက်တွင် အီဂျစ်ဘုရင်နေခေါမင်းကြီးသည် ယူဖရေးတီးမြစ်နားရှိ ကာခေမိတ်မြို့ကို ချီတက်တိုက်ခိုက်ရာ ယောရှိမင်းကြီးသည် သူနှင့်ရင်ဆိုင်ရန် စစ်ချီထွက်ခဲ့၏။
ဒမတ်စကပ်မြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ “ကြည့်ရှုလော့။ ဒမတ်စကပ်မြို့သည် မြို့အဖြစ်ရှိနေတော့မည်မဟုတ်။ ယိုယွင်းပျက်စီးရာအစုအပုံ ဖြစ်လိမ့်မည်။
ဧဖရိမ်ပြည်၌ ခံတပ်ရှိတော့မည်မဟုတ်။ ဒမတ်စကပ်မြို့၌လည်း အုပ်စိုးသူမင်း ရှိတော့မည်မဟုတ်။ ကြွင်းကျန်သောဆီးရီးယားလူမျိုးတို့သည် အစ္စရေးအမျိုးသားတို့၏ဘုန်းအသရေကဲ့သို့ဖြစ်လိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
လမ်းမပေါ်တွင် လူသူကင်းမဲ့၏။ လမ်းပေါ်တွင် လူသွားလူလာမရှိ။ ပဋိညာဉ်ကို ချိုးဖောက်လေပြီ။ မြို့များကိုပမာဏမပြု။ လူကိုအလေးမထား။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ကြည့်ရှုလော့။ အဆီးရီးယားဘုရင်တို့သည် တိုင်းပြည်အားလုံး အကုန်အစင်ပျက်စီးသွားအောင် မည်သို့ပြုခဲ့သည်ကို သင်ကြားရပြီ။ သင်လည်း လွတ်မြောက်မည်ဟုမထင်နှင့်။
ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်၊ ယူဖရေးတီးမြစ်နား ကာခေမိတ်အရပ်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စစ်ရှုံးခဲ့သော အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီး၏စစ်သည်နှင့်တကွ အီဂျစ်ပြည်သားတို့နှင့်ပတ်သက်၍
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမတ်စကပ်မြို့နှင့် ဟာမတ်နယ်နိမိတ်ကြားရှိ သိဗရိမ်မြို့အထိရောက်၍ ဟောရန်နယ်နိမိတ်ရှိ ဟာဇာဟတ္တိကုန်မြို့အထိ ရောက်၏။
သူတို့သည် ရှင်ဘုရင်များကို ပြောင်လှောင်ကြ၏။ အုပ်ချုပ်သူတို့ကို သရော်ကြ၏။ ခံတပ်ရှိသမျှကို ဟားတိုက်ရယ်မောကြ၏။ မြေဖို့ပြီး ခံတပ်များကို တိုက်ခိုက်သိမ်းယူကြ၏။
ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။