၂ ရာချုပ် 32:14 - မြန်မာ့စံမီသမ္မာကျမ်း14 ငါ့ဘိုးဘေးတို့ အကုန်အစင်ဖျက်ဆီးပစ်ခဲ့သောဤလူမျိုးတို့၏ဘုရားအပေါင်းတို့တွင် မည်သည့်ဘုရားက မိမိလူမျိုးကို ငါ့လက်မှ ကယ်နုတ်နိုင်သနည်း။ သင်တို့၏ဘုရားသခင်သည်လည်း သင်တို့ကို ငါ့လက်မှ မည်သို့ကယ်နုတ်နိုင်မည်နည်း။ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။- အခန်းကိုကြည့်ပါ။Garrad Bible14 သင် တို့ ကို ငါ့ လက် တွင်း မှ ထာ ဝ ရ ဘု ရား လွတ် မြောက် နိုင် စေ ရန်၊ ဘေး တော် ဘိုး တော် တို့ မြေ လှန် ခဲ့ သော လူ မျိုး ခြား တို့ ဘု ရား များ အ နက်၊ ကိုယ့် လူ မျိုး ကို မည် သည့် ဘု ရား လွတ် မြောက် စေ ဘူး သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible14 ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်းနိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဖူးသနည်း။ သင်တို့၏ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ်မည်နည်း။ အခန်းကိုကြည့်ပါ။ |
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။