ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
ဟေဗြဲ 4:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။ Common Language Bible ငြိမ်ဝပ်ချမ်းသာခံစားခွင့်ကိုငါတို့အား ဘုရားသခင်ပေးတော်မူမည်ဟုကတိ တော်ရှိ၏။ သင်တို့အနက်တစ်စုံတစ်ယောက် မျှ ယင်းငြိမ်ဝပ်ရာချမ်းသာကိုလက်မလွတ် စေရန်သတိပြုကြလော့။- Garrad Bible ထို ကြောင့် ငြိမ် ဝပ် ရာ ချမ်း သာ တော် ကို ဝင် စား မည့် က တိ တော် ရှိ သေး စဉ် တစ် ဦး တစ် ယောက် မျှ မ မီ သည့် လ က္ခ ဏာ မ ရှိ စေ ရန် စိုး ရိမ် ကြ ကုန် အံ့။ Judson Bible ထိုကြောင့်၊ ဘုရားသခင်၏ ချမ်းသာထဲသို့ ဝင်ရသောအခွင့်ကို ပေးသော ကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့တွင် အချို့တို့သည် မမီဘဲနေမည်ကို စိုးရိမ်ကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဘုရားသခင်၏စံမြန်းနားခိုရာသို့ ဝင်ရမည့် ကတိတော်တည်ဆဲဖြစ်လျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ထိုဝင်ခွင့်ကို မဆုံးရှုံးမိစေရန် သတိပြုကြစို့။ |
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
ဩတ္တပ္ပစိတ်အစဉ်အမြဲရှိသောသူသည် မင်္ဂလာရှိ၏။ မိမိ၏စိတ်နှလုံးကိုမာကျောစေသောသူမူကား ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
သင်တို့သည် ထိုပြည်ကိုရက်ပေါင်းလေးဆယ်စူးစမ်းခဲ့သည်ဖြစ်၍ ထိုရက်များ၏အရေအတွက်အတိုင်း တစ်ရက်ကို တစ်နှစ်ကျဖြင့် သင်တို့၏ဒုစရိုက်ဝန်ကို နှစ်ပေါင်းလေးဆယ်ဆောင်ရမည်။ ဤသို့ ငါဆန့်ကျင်သည်ကို သင်တို့သိရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်ဟု ဆင့်ဆိုလော့။
သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာနေ၏’ဟု ဆိုလျက်
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။
ငါတို့သည် ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည်နှင့်အညီ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို အချည်းနှီးမခံယူကြနှင့်ဟု သင်တို့အားတိုက်တွန်းနှိုးဆော်ပါ၏။
ပညတ်တရားအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံလိုသောသင်တို့သည် ခရစ်တော်ထံမှ ဖယ်ရှားခြင်းခံရ၍ ကျေးဇူးတော်ထံမှ ရွေ့လျောသွားကြပြီ။
ငါတို့သည် သစ္စာမရှိလျှင်လည်း ကိုယ်တော်၏သစ္စာတော်သည် တည်မြဲတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုမငြင်းပယ်နိုင်။
မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။
သင်တို့သည် မိန့်တော်မူသောအရှင်ကို မငြင်းပယ်မိစေရန် သတိပြုကြလော့။ အကြောင်းမူကား မြေကြီးပေါ်တွင် ဗျာဒိတ်တော်ပေးသောသူကို ငြင်းပယ်သောသူတို့သည် အပြစ်ဒဏ်မှမလွတ်ပါက ကောင်းကင်ဘုံမှဗျာဒိတ်တော်ပေးသောသူကို ငါတို့ငြင်းပယ်လျှင် ပို၍ပင် လွတ်စရာအကြောင်းမရှိ။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင်တို့အားဟောပြောခဲ့သည့် သင်တို့၏ခေါင်းဆောင်များကို သတိရကြလော့။ သူတို့၏အသက်ရှင်နေထိုင်မှုမှထွက်ပေါ်လာသည့် အကျိုးတရားကိုကြည့်ရှုဆင်ခြင်လျက် သူတို့၏ယုံကြည်ခြင်းကို အတုယူကြလော့။
ထို့ကြောင့် အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု မိန့်တော်မူသည့်အတိုင်း
ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။