ရောမ 3:23 - မြန်မာ့စံမီသမ္မာကျမ်း23 အကြောင်းမူကား လူအပေါင်းတို့သည် အပြစ်ပြု၍ ဘုရားသခင်၏ဘုန်းအသရေတော်နှင့် အလှမ်းဝေးကြပြီ။ အခန်းကိုကြည့်ပါ။Common Language Bible23 လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible23 ခြား နား ခြင်း မ ရှိ။ လူ အ ပေါင်း တို့ သည် ဘု ရား သ ခင်၏ ဘုန်း တော် ကို မ မီ ဘဲ ပြစ် မှား သည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible23 အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း23 လူအပေါင်းတို့သည် အပြစ်ကျူးလွန်သောကြောင့် ဘုရားသခင်၏ ဘုန်းကြီးသောစံနှုန်းကို မမီနိုင်ကြ။ အခန်းကိုကြည့်ပါ။ |
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။