ဟေဗြဲ 12:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် “ငါ့သား၊ ထာဝရဘုရား၏ဆုံးမပဲ့ပြင်တော်မူခြင်းကို အလေးမထားဘဲမနေနှင့်။ ကိုယ်တော်၏ဆိုဆုံးမခြင်းကိုခံရသောအခါ စိတ်မပျက်နှင့်။ Common Language Bible ကျမ်းစာတော်တွင်ဘုရားသခင်က၊ ``ငါ့သား၊ထာဝရဘုရားပဲ့ပြင်တော်မူသည်ကို ဂရုပြုလော့။ ဆုံးမတော်မူသောအခါစိတ် မပျက်နှင့်။ Garrad Bible ၎င်း ပြင် ငါ့ သား၊ ထာ ဝ ရ ဘု ရား၏ ပဲ့ ပြင် ခြင်း ကို ပေါ့ ပေါ့ ဆ ဆ မ ပြု ဘဲ အ ဆုံး အ မ ခံ ရာ၌ လည်း စိတ် မ ပျက် နှင့်။ ထာ ဝ ရ ဘု ရား သည် ချစ် တော် မူ သော သူ့ အား ပဲ့ ပြင် ခြင်း၊ လက် ခံ တော် မူ သော သား တိုင်း အား ဒဏ် ခတ် ခြင်း ပြု တော် မူ ကြောင်း သား အ ဖြစ် တိုက် တွန်း သော နှိုး ဆော် ချက် ကို သင် တို့ မေ့ လျော့ ကြ ပြီ။ Judson Bible ထိုမှတစ်ပါး၊ ငါ့သား၊ ထာဝရဘုရား ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖခင်သည် မိမိသားတို့အား တိုက်တွန်းသကဲ့သို့ သင်တို့အား တိုက်တွန်းသောစကားကို မေ့လျော့သလော။ ကျမ်းစာ၌ “ငါ့သား… ထာဝရဘုရား၏ ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်မပြုနှင့်။ ကိုယ်တော်၏ အပြစ်ပေးဆုံးမခြင်းကို ခံရသောအခါ စိတ်မပျက်နှင့်။ |
ထာဝရဘုရားသည် ငါ့ကိုပြင်းထန်စွာပဲ့ပြင်သော်လည်း သေခြင်းလက်သို့ ငါ့ကိုအပ်တော်မမူခဲ့ပေ။
အကျွန်ုပ်သည် အသက်အန္တရာယ်နှင့် အစဉ်ကြုံတွေ့နေရသော်လည်း ကိုယ်တော်၏တရားတော်ကို မမေ့လျော့ပါ။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့၌ မွေ့လျော်ပါမည်။ ကိုယ်တော်၏နှုတ်ကပတ်တော်ကိုလည်း မမေ့လျော့ပါ။
အကျွန်ုပ်သည် ဒုက္ခဝေဒနာမခံစားရမီ လမ်းလွဲခဲ့ပါ၏။ ယခုမူကား ကိုယ်တော်၏မိန့်တော်မူချက်ကို စောင့်ထိန်းပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို သစ္စာတော်နှင့်အညီ ဒုက္ခဝေဒနာခံစားစေတော်မူကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။
အကျွန်ုပ်သည် အခိုးရိုက်သော သားရေဘူးကဲ့သို့ဖြစ်သော်လည်း ကိုယ်တော်၏ပြဋ္ဌာန်းချက်ကို မမေ့လျော့ပါ။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့အတွက် တွင်းတူးစဉ်အခါ ဒုက္ခရောက်သောနေ့ရက်များမှလွတ်ငြိမ်းစေရန် ကိုယ်တော်ပဲ့ပြင်သောသူ၊ ကိုယ်တော်၏တရားတော်ကို ကိုယ်တော်သင်ကြားပေးသောသူသည် မင်္ဂလာရှိပါ၏။
ငါ့သား၊ ငါ၏သွန်သင်ချက်ကို မမေ့လျော့နှင့်။ ငါ၏ပညတ်ချက်တို့ကိုလည်း သင်၏စိတ်နှလုံးသည် ထိန်းသိမ်းစောင့်ရှောက်ပါစေ။
ဉာဏ်ပညာကိုဆည်းပူးလော့။ အသိဉာဏ်ကိုဆည်းပူးလော့။ ငါ၏နှုတ်ထွက်စကားတို့ကို မမေ့လျော့နှင့်။ ၎င်းတို့မှသွေဖည်မသွားနှင့်။
ဧဖရိမ်က “ကိုယ်တော်သည် အကျွန်ုပ်ကိုပဲ့ပြင်တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားသငယ်ကဲ့သို့ ပဲ့ပြင်ခြင်းကိုခံရပါပြီ။ အကျွန်ုပ်ကို ပြန်ခေါ်ပါ။ အကျွန်ုပ် ပြန်လာပါရစေ။ ကိုယ်တော်သည် အကျွန်ုပ်၏ထာဝရအရှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
ကိုယ်တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ။ ဂါလိလဲနယ်၌ရှိတော်မူစဉ် သင်တို့အားမည်သို့မိန့်တော်မူခဲ့သည်ကို သတိရကြလော့။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
ငါတို့သည် ကောင်းသောအမှုကိုပြုရာ၌ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ နေကြကုန်စို့။ အကြောင်းမူကား စိတ်မပျက်ဘဲနေလျှင် အချိန်တန်သောအခါ ရိတ်သိမ်းရကြလိမ့်မည်။
ထိုသူတို့တွင် ဟုမေနဲနှင့်အလက်ဇန္ဒြားတို့ပါဝင်ကြ၏။ သူတို့သည် ဘုရားသခင်ကို စော်ကားပြောဆိုခြင်းမပြုမည့်အကြောင်း ဆုံးမခြင်းကိုခံရကြရန် သူတို့ကို စာတန်လက်သို့ ငါအပ်လိုက်၏။
ဘုရားသခင်သည် သင်တို့ကို သားကဲ့သို့ ပြုမူဆက်ဆံတော်မူသည်ဖြစ်၍ သင်တို့သည် ဆုံးမပဲ့ပြင်တော်မူခြင်းကို သည်းခံကြရမည်။ အကြောင်းမူကား ဖခင်မဆုံးမ မပဲ့ပြင်သောသားဟူ၍ရှိသလော။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။