အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
ဟောရှေ 4:6 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။ Common Language Bible ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။ Garrad Bible ငါ့ လူ မျိုး သည်၊ အ သိ ပ ညာ ကင်း၍ တိမ် ကော လေ စွ။ အ သိ ပ ညာ ကို စွန့် ပယ် ခဲ့ သော သင့် ကို၊ ငါ့ ပ ရော ဟိတ် ရာ ထူး မှ ငါ စွန့် ပယ် မည်။ ကိုယ့် ဘု ရား သ ခင်၏ ပ ညတ် တ ရား တော် ကို၊ သင် လျစ် လျူ ရှု သည့် အ တိုင်း သင့် သား တို့ ကို၊ ငါ လျစ် လျူ ရှု မည်။ Judson Bible ငါ့လူတို့သည် ပညာနည်းသောကြောင့်ဆုံးရှုံးကြ၏။ သင်သည် ပညာကိုပယ်သောကြောင့်၊ ငါ့ယဇ်ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှာ သင့်ကိုငါပယ်မည်။ သင်၏ဘုရားသခင့်တရားကို သင်မေ့လျော့သောကြောင့်၊ သင်၏သားသမီးတို့ကို ငါမေ့လျော့မည်။ |
အစ္စရေးလူမျိုးတို့တွင် ကာလကြာမြင့်စွာစစ်မှန်သောဘုရားမရှိ၊ သွန်သင်ပေးမည့်ယဇ်ပုရောဟိတ်မရှိ၊ ပညတ်တရားလည်းမရှိ။
မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။
အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။
ဆိုးယုတ်သောသူတို့၏ကြိုးများသည် အကျွန်ုပ်ကိုပတ်ရစ်ထားသော်လည်း အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်တို့ကို မမေ့လျော့ပါ။
အကြောင်းမူကား ကိုယ်တော်သည် အဖိနှိပ်ခံရသောလူမျိုးကို ကယ်တင်တော်မူ၏။ ထောင်လွှားသောမျက်နှာကိုကား နိမ့်ကျစေတော်မူ၏။
ဖြောင့်မတ်သောသူ၏နှုတ်ခမ်းသည် များစွာသောသူတို့ကို ကျွေးမွေးတတ်၏။ ဆိုးမိုက်သောသူတို့မူကား အသိစိတ်မရှိသောကြောင့် သေကြလိမ့်မည်။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
နွားသည် မိမိပိုင်ရှင်ကိုသိ၏။ မြည်းသည်လည်း သခင်ကျွေးသောစားခွက်ကိုသိ၏။ သို့သော် အစ္စရေးလူမျိုးသည် မသိ။ ငါ၏လူမျိုးတော်သည် နားမလည်ပါတကား”ဟု မိန့်တော်မူ၏။
သင်သည် သင့်ကိုကယ်တင်တော်မူသောဘုရားသခင်ကို မေ့လျော့၍ သင်၏မှီခိုရာကျောက်ဆောင်ကို မအောက်မေ့။ ထို့ကြောင့် နှစ်သက်ဖွယ်သောအပင်တို့ကိုစိုက်ပျိုးလိမ့်မည်။ တစ်ပါးအမျိုးသား၏စပျစ်ကိုင်းကို စိုက်လိမ့်မည်။
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
ဤသူတို့သည် စပျစ်ဝိုင်ကြောင့် ယိမ်းထိုး၍ သေရည်သေရက်ကြောင့် ဒယီးဒယိုင်ဖြစ်ကြပြီ။ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များသည် သေရည်သေရက်ကြောင့် ယိမ်းထိုး၍ စပျစ်ဝိုင်ကြောင့်အာရုံထွေပြားကြပြီ။ သေရည်သေရက်ကြောင့် လမ်းလွဲ၍ စိတ်အာရုံကို လွဲမှားစွာမြင်ကြပြီ။ ဆုံးဖြတ်ချက်ချရာတွင်လည်း အလွဲလွဲအချော်ချော်ဖြစ်ကြပြီ။
ထိုစာလိပ်ကို စာမဖတ်တတ်သောသူအားပေး၍ “ဤစာကို ဖတ်ပါလော့”ဟု ဆိုလျှင် ထိုသူက “ငါ စာမဖတ်တတ်ပါ”ဟု ပြန်ပြောလိမ့်မည်။
ငါ၏လူမျိုးတော်ကို ကလေးသူငယ်တို့က ညှဉ်းဆဲကြ၏။ မိန်းမတို့က အုပ်စိုးကြ၏။ အို ငါ့လူမျိုးတော်၊ သင်တို့ကိုလမ်းပြသောသူတို့သည် သင်တို့ကို လမ်းလွဲစေ၍ သင်တို့၏လမ်းခရီးကို ရှုပ်ထွေးစေကြ၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ငါ၏လူမျိုးတော်သည် ထိုသို့ အသိပညာမဲ့သဖြင့် ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ ဂုဏ်သရေရှိသောသူတို့သည် ငတ်မွတ်သောသူဖြစ်ကြလိမ့်မည်။ လူအလုံးအရင်းသည် ရေငတ်၍ သေကြရလိမ့်မည်။
ယဇ်ပုရောဟိတ်တို့ကလည်း ‘ထာဝရဘုရားသည် အဘယ်မှာနည်း’ဟု မမေးကြ။ ပညတ်တရားကို စွဲကိုင်သောသူတို့သည် ငါ့ကိုမသိကြ။ အုပ်ချုပ်သူတို့သည် ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့သည် ဗာလဘုရားကိုအမှီပြု၍ ပရောဖက်ပြုကြ၏။ အကျိုးမပေးသောအရာတို့နောက်သို့လိုက်ကြ၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
‘မျက်စိရှိသော်လည်း မမြင်၊ နားရှိသော်လည်း မကြား၊ မိုက်မဲ၍ အသိဉာဏ်မရှိသောလူတို့၊ ယခု ဤစကားကိုနားထောင်ကြလော့။
ငါ၏လူမျိုးတော်တို့အား သန့်ရှင်းမြင့်မြတ်သောအရာနှင့် သာမန်အရာတို့ကို သွန်သင်ပြရမည်။ ညစ်ညူးသောအရာနှင့် စင်ကြယ်သောအရာတို့ကိုလည်း ပိုင်းခြားပြရမည်။
သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
သူတို့၏လုပ်ရပ်များက သူတို့အား ဘုရားသခင်ထံသို့ ပြန်လာရန် အခွင့်မပေး။ သူတို့၌ ပြည့်တန်ဆာလုပ်လိုစိတ်ရှိသောကြောင့် ထာဝရဘုရားကိုလည်း မသိကြတော့ပေ။
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။
တစ်ပါးအမျိုးသားတို့သည် သူ့အင်အားကို ဝါးမျိုနေကြောင်း သူမသိ။ သူ့ခေါင်း၌ ဆံပင်ဖြူများ ပြန့်ကြဲနေကြောင်းကိုလည်း သူမသိ။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။
အစ္စရေးသည် သူ့ကိုဖန်ဆင်းတော်မူသောအရှင်ကို မေ့လျော့၍ ဘုံဗိမာန်များစွာကို တည်လေပြီ။ ယုဒသည်လည်း ခံတပ်မြို့များကို တည်လေပြီ။ သို့သော် ငါသည် ထိုမြို့များအပေါ်သို့ မီးကိုကျရောက်စေ၍ ခံတပ်မြို့များကို လောင်ကျွမ်းစေမည်။”
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
ယေရှဲသည် သားဒါဝိဒ်မင်းကြီးကိုရ၏။ ဒါဝိဒ်သည် ဥရိယ၏မယားအားဖြင့် သားရှောလမုန်ကိုရ၏။
သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။