ဟောရှေ 4:14 - မြန်မာ့စံမီသမ္မာကျမ်း14 ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible14 သင် တို့ ကိုယ် တိုင် မိန်း မ ရွှင် တို့ နှင့် ပုန်း လျှိုး လျက်၊ ပြည် တန် ဆာ တို့ နှင့် အ တူ ယဇ် ပူ ဇော် လေ့ ရှိ ကြ သော ကြောင့်၊ မှား ယွင်း သော သ မီး၊ မျောက် မ ထား သော မ ယား တို့ ကို ငါ ဒဏ် စီ ရင် မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible14 သင်တို့သမီးတို့သည် ယောက်ျားနှင့် မှားယွင်း၍ ချွေးမတို့သည် မျောက်မထားသော်လည်း ငါမစစ်ကြော၊ အကြောင်းမူကား၊ ယောက်ျားတို့သည် ကိုယ်မယားကိုစွန့်ပစ်၍ ပြည့်တန်ဆာတို့နှင့် ပေါင်းဖော်တတ်ကြ၏။ မိန်းမရွှင်တို့နှင့်အတူ ယဇ်ပူဇော်တတ်ကြ၏။ သို့ဖြစ်၍ ပညာမရှိသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကိုင်းအခက်တို့သည် ခြောက်သွေ့လျှင် ချိုးပစ်ခြင်းခံရလိမ့်မည်။ မိန်းမတို့သည် လာ၍ ချိုးယူမီးဆိုက်ကြလိမ့်မည်။ ဤလူမျိုးသည် အသိဉာဏ်မရှိသောကြောင့် သူ့ကိုဖန်ဆင်းသောအရှင်သည် သူ့ကိုသနားတော်မူမည်မဟုတ်။ သူ့ကိုပုံဖော်ဖန်ဆင်းသောအရှင်သည် သူ့ကိုမျက်နှာသာပေးတော်မူမည်မဟုတ်။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။